ဂျေရုဆလင်မြို့နှင့် နီးလာသောအခါ ယေရှုသည် မြို့တော်ကိုမြင်၍ ငိုကြွေးတော်မူလျက်
လုကာ 19:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “အသင်မြို့တော်… သင်၏ငြိမ်းချမ်းသာယာမှုကို ဖြစ်စေသည့်အရာများကို ယနေ့ပင် သင်သည် သိမြင်ခဲ့ပါက မင်္ဂလာရှိ၏။ သို့သော် ယခုမှာမူ ထိုအရာများကို သင်၏မျက်စိရှေ့မှ ဝှက်ထားလျက်ရှိ၏။ Common Language Bible ကိုယ်တော်က ``အချင်းမြို့၊ သင်သည်ငြိမ်းချမ်း သာယာမှုကိုရစေသည့်လမ်းကိုယနေ့သိ မြင်လျှင်မင်္ဂလာရှိ၏။ သို့ရာတွင်ထိုလမ်းကို သင်သည်မသိမမြင်နိုင်။- Garrad Bible အ ချင်း မြို့ တော်၊ ရန် ငြိမ်း ရာ ငြိမ်း ကြောင်း များ ကို ယ နေ့ ပင် သိ စေ လို လှ လေ ပြီ။ Judson Bible အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း “သင်သာ ငြိမ်သက်ခြင်းကိုရစေသည့်အရာတို့ကို ယနေ့ပင်သိခဲ့လျှင်... သို့ရာတွင် ထိုအရာသည် ယခုသင်၏မျက်စိရှေ့မှ ကွယ်ဝှက်ထားခြင်းခံရ၏။ မြန်မာ အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။- |
ဂျေရုဆလင်မြို့နှင့် နီးလာသောအခါ ယေရှုသည် မြို့တော်ကိုမြင်၍ ငိုကြွေးတော်မူလျက်
သင်၏ရန်သူများသည် သင့်ပတ်လည်တွင် တပ်ချ၍ သင့်ကိုဝန်းရံလျက် အဘက်ဘက်မှ တိုက်ခိုက်သောအချိန် ရောက်လာလိမ့်မည်။
သင်နှင့် သင်၏သားသမီးများကို မြေပေါ်တွင် ဖိကြိတ်ကြလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့ကို မသိမမှတ်သောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
သင်တို့သည် အပြစ်၏လှည့်စားမှုကြောင့် ခေါင်းမာသူများမဖြစ်ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်းအားပေးတိုက်တွန်းကြလော့။
ကျမ်းစာ၌ “ယနေ့ ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့၏ ဘိုးဘေးများ ပုန်ကန်စဉ်က ခေါင်းမာသကဲ့သို့ သင်တို့သည် ခေါင်းမမာကြနှင့်” ဟု ဖော်ပြထား၏။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည်မှာ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကို ကြားလျှင်