သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
လုကာ 15:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသိုးကို တွေ့သောအခါ ပခုံးပေါ်တင်၍ ဝမ်းမြောက်စွာ အိမ်သို့ ယူဆောင်လာလိမ့်မည်။ Common Language Bible ထိုသိုးကိုတွေ့သောအခါ ရွှင်လန်းဝမ်းမြောက် စွာဖြင့်ပခုံးထက်တွင်တင်၍ထမ်းလာလိမ့် မည်။- Garrad Bible တွေ့ သည့် ကာ လ ဝမ်း မြောက် စွာ ထမ်း ခဲ့၍၊ Judson Bible တွေ့ပြီးလျှင် ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုသိုးကိုတွေ့လျှင် သူသည် ဝမ်းမြောက်လျက် ၎င်းကို မိမိပခုံးပေါ်တင်၍ မြန်မာ တွေ့ပြီးလျှင် ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊- |
သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
“အကယ်၍ သင်တို့အထဲမှ တစ်စုံတစ်ဦးတွင် သိုးအကောင်တစ်ရာရှိရာ ထိုသိုးများအနက် တစ်ကောင်ပျောက်ဆုံးသွားပါက အခြားသောသိုး ကိုးဆယ့်ကိုးကောင်ကို စားကျက်တွင် ထားခဲ့ပြီးလျှင် ပျောက်သောသိုးတစ်ကောင်ကို တွေ့သည်တိုင်အောင် ရှာမည်မဟုတ်လော။
အိမ်ရောက်သောအခါ မိတ်ဆွေများနှင့် အိမ်နီးချင်းများကို ခေါ်လျက် ‘ပျောက်သောသိုးကို တွေ့ပြီဖြစ်သောကြောင့် ငါနှင့်အတူဝမ်းမြောက်ကြလော့’ ဟု ပြောလိမ့်မည်။
ယေရှုက “ဤသူသည် အာဗြဟံ၏မျိုးဆက်ဖြစ်သောကြောင့် ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်တွင် သက်ရောက်လေပြီ။
ထိုအခါ ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ သင်သည် ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါ၏ဝမ်းမြောက်ခြင်းကို သင်တို့ခံစားရ၍ အပြည့်အဝဝမ်းမြောက်နိုင်စေရန် ဤစကားကို ငါပြော၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
တန်ခိုးတော် သက်ဝင်လှုပ်ရှားမှုကြောင့် ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူသည့် ကျေးဇူးတော်နှင့်ဆိုင်သော အထူးတာဝန်ကို ခံစားရသည်နှင့်အညီ ကျွန်ုပ်သည် ထိုသတင်းကောင်းကို ဟောပြောသူ ဖြစ်လာ၏။
ကျွန်ုပ်တို့သည် သတင်းကောင်းကို စကားသက်သက်ဖြင့် မဟောပြောဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်းကောင်း သင်တို့ထံ ဟောပြောကြ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်အခါက သင်တို့အကျိုးကို ထောက်၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့အသိပင် ဖြစ်၏။
မာရ်နတ်သည် မိမိအလိုအတိုင်း လိုက်နာစေရန် သူတို့ကို ဖမ်းဆီးထားသော်လည်း သူတို့သည် အသိတရားရ၍ မာရ်နတ်၏ ထောင်ချောက်မှ လွတ်မြောက်နိုင်လိမ့်မည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
သင်တို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် နောက်ဆုံးသောကာလ၌ ပေါ်လွင်ထင်ရှားရန် အသင့်ရှိသော ကယ်တင်ခြင်းကို ရရှိခံစားနိုင်မည့်အချိန်တိုင်အောင် ဘုရားသခင်သည် မိမိ၏တန်ခိုးတော်ဖြင့် သင်တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။