သို့သော် အဖေ့ထံမှ ဥစ္စာများကို ယူလျက် မိန်းမရွှင်များနှင့် ပျော်ပါးဖြုန်းတီးပြီးမှ ပြန်လာသောသားငယ်အတွက် ဆူဖြိုးသောနွားကလေးကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။
လုကာ 15:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖခင်က ‘ငါ့သား… သင်သည် ငါနှင့် အမြဲရှိနေ၏၊ ငါ၌ရှိသမျှ ဥစ္စာများသည် သင့်ဥစ္စာဖြစ်၏။ Common Language Bible အဖဖြစ်သူက `ငါ့သား၊ သင်သည်ငါနှင့်အတူ အမြဲနေ၏။ ငါ့ဥစ္စာပစ္စည်းရှိသမျှကိုသင်ပိုင်၏။- Garrad Bible အ ဘ က ငါ့ သား၊ သင် သည် ငါ နှင့် အ စဉ် ရှိ၍ ငါ ပိုင် သ မျှ ကို သင် ပိုင် ဖြစ်၏။ Judson Bible အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဖခင်ကလည်း ‘ငါ့သား၊ သင်သည် ငါနှင့်အတူအမြဲရှိနေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။ မြန်မာ အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။- |
သို့သော် အဖေ့ထံမှ ဥစ္စာများကို ယူလျက် မိန်းမရွှင်များနှင့် ပျော်ပါးဖြုန်းတီးပြီးမှ ပြန်လာသောသားငယ်အတွက် ဆူဖြိုးသောနွားကလေးကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။
သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
ကျွန်သည် သခင့်အိမ်တွင် အိမ်သားအဖြစ် အမြဲနေရသည်မဟုတ်။ သားဖြစ်သူသာလျှင် အမြဲနေရ၏။
သို့ဖြစ်လျှင် ကျွန်ုပ်မေးလိုသည်မှာ ဘုရားသခင်သည် မိမိလူမျိုးတော်ကို စွန့်ပယ်တော်မူပြီလော။ စွန့်ပယ်တော်မမူ။ ကျွန်ုပ်ကိုယ်တိုင်ပင် အစ္စရေးလူမျိုး၊ အာဗြဟံမျိုးဆက်၊ ဗင်္ယာမိန်အနွယ်ဖြစ်၏။
သူတို့သည် ဘုရားသခင်၏ သားသမီးအဖြစ် ရွေးချယ်ခြင်းခံရသော အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ ဘုရားသခင်သည် မိမိ၏ဘုန်းအသရေတော်ကို သူတို့အား ဖော်ပြတော်မူ၏။ သူတို့နှင့် ပဋိညာဉ်များဖွဲ့၍ ပညတ်တရားကိုလည်း ပေးတော်မူ၏။ ကိုးကွယ်ရမည့်နည်းနှင့် မိမိ၏ကတိတော်များကို သူတို့အား ပေးတော်မူ၏။