ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
လုကာ 15:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါထ၍ အဖေ့ထံသွားပြီး “အဖေ၊ ကျွန်ုပ်သည် ဘုရားသခင်နှင့် အဖေ့ကို ပြစ်မှားပါပြီ။ Common Language Bible ငါထ၍အဖထံသို့သွားပြီးလျှင်`အဖ၊ ကျွန်တော် သည်ဘုရားသခင်ကိုလည်းကောင်း၊ အဖကိုလည်း ကောင်းပြစ်မှားမိပါပြီ။- Garrad Bible ငါ ထ၍ အ ဘ ထံ သွား ပြီး လျှင် အ ဘ၊ ကျွန် တော် သည် ကောင်း ကင် ရှင် ကို လည်း ကောင်း၊ အ ဘ ကိုလည်း ကောင်း၊ ပြစ် မှား မိ ပါ ပြီ။ Judson Bible ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။- မြန်မာ့စံမီသမ္မာကျမ်း ငါသည်ထ၍ ငါ့အဖေထံသို့သွားပြီး “အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။ မြန်မာ ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။- |
ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
သင်တို့သည် တစ်ပါးသူတို့၏ အပြစ်များကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်လည်း သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။
ထို့ကြောင့် ဤသို့ ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။
သင်တို့သည် ဆိုးသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ပို၍ ပေးတော်မူမည် မဟုတ်လော။
ယေရှုကလည်း “သင်တို့ဆုတောင်းသောအခါ ‘အို အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။
ထိုအချိန်တွင် သူသည် အသိတရားရလာ၍ ‘ငါ့အဖေအိမ်တွင်ရှိသော အလုပ်သမားများသည် ဝလင်စွာစားရကြ၏။ သို့သော် ငါသည် ဤနေရာတွင် ဆာလောင်သဖြင့် သေရပါတော့မည်။
အဖေ့သားဟူ၍ အခေါ်မခံထိုက်တော့ပါ။ ကျွန်ုပ်အား အဖေ့အလုပ်သမားတစ်ယောက်အဖြစ်သာ သဘောထားပေးပါ” ဟူ၍ တောင်းပန်မည်’ ဟု ဆိုလေ၏။
သားဖြစ်သူက ဖခင်အား ‘အဖေ၊ ကျွန်ုပ်သည် ဘုရားသခင်နှင့် အဖေ့ကို ပြစ်မှားပါပြီ။ ကျွန်ုပ်သည် အဖေ့သားဟူ၍ပင် အခေါ်မခံထိုက်တော့ပါ’ ဟု ဆိုလေ၏။
အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။