မိုးရွာ၍ ရေတက်လာကာ လေထန်သဖြင့် ထိုအိမ်ကိုတိုက်ခတ်သောအခါ ထိုအိမ်သည် ပြိုလဲလိမ့်မည်။ အပျက်အစီးလည်း များလိမ့်မည်” ဟု မိန့်တော်မူ၏။
လုကာ 14:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ဤလူသည် စတင်ဆောက်လုပ်သော်လည်း အဆုံးမသတ်နိုင်ပါ’ ဟု ပြောဆိုကြမည်။ Common Language Bible `ဤသူကားတည်ဆောက်မှုကိုအစပြု၏။ သို့ရာတွင်အဆုံးမသတ်နိုင်ပါတကား' ဟုဆိုကြလိမ့်မည်။- Garrad Bible ကြည့် မြင် သူ တို့ က ဤ သူ အ စ ပြု သော် လည်း အ ပြီး သတ် အောင် မ ဆောက် နိုင် ဟု ကဲ့ ရဲ့ ကြ လိမ့် မည်။ Judson Bible ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ‘ဤသူသည် စတင်တည်ဆောက်ခဲ့သော်လည်း အဆုံးမသတ်နိုင်ပါတကား’ဟု ဆိုကြလိမ့်မည်။ မြန်မာ ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။- |
မိုးရွာ၍ ရေတက်လာကာ လေထန်သဖြင့် ထိုအိမ်ကိုတိုက်ခတ်သောအခါ ထိုအိမ်သည် ပြိုလဲလိမ့်မည်။ အပျက်အစီးလည်း များလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသို့ မတွက်ချက်ဘဲ အုတ်မြစ်ချ၍ မပြီးစီးနိုင်လျှင် ထိုအဖြစ်ကို မြင်သူတိုင်းက ကဲ့ရဲ့လှောင်ပြောင်လျက်
တစ်နည်းဆိုသော် ရှင်ဘုရင်တစ်ပါးသည် အခြားရှင်ဘုရင်ကို စစ်တိုက်မည်ပြုသောအခါ ရန်သူစစ်သား နှစ်သောင်းဖြင့် ချီတက်လာသောရှင်ဘုရင်ကို မိမိစစ်သား တစ်သောင်းကျော်ဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်၊ မရှိသည်ကို အတိုင်ပင်ခံများနှင့် ဦးစွာ ဆွေးနွေးတိုင်ပင်လိမ့်မည် မဟုတ်ပါလော။
ငါ၏ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော် ငါသည် နောက်ပြန်လှည့်တတ်သူများကို နှစ်သက်မည်မဟုတ်” ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။
သင်တို့တစ်ဦးစီတိုင်းသည် အဆုံးတိုင်အောင် စိတ်အားထက်သန်မှုကို ယခုအတိုင်း ပြသနိုင်ရန် ကျွန်ုပ်တို့အလိုရှိ၏။ သို့မှသာ သင်တို့မျှော်လင့်သည့်အရာကို အသေအချာ ရရှိနိုင်လိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့်အရာများကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကို သင်တို့အပြည့်အဝခံစားရစေရန် သတိပြုလော့။