ထိုနေရာ၌ လက်တစ်ဖက်သေသော လူတစ်ဦးကို ယေရှုသည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့ကလည်း ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် “ဥပုသ်နေ့၌ အနာရောဂါကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
လုကာ 14:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်များအား “ဥပုသ်နေ့၌ လူနာတစ်ဦးကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးတော်မူ၏။ Common Language Bible ကိုယ်တော်က ``ဥပုသ်နေ့၌အနာရောဂါကို ပျောက်ကင်းစေအပ်သလော'' ဟုကျမ်းတတ် ဆရာများနှင့်ဖာရိရှဲများအားမေးတော် မူ၏။ Garrad Bible ကျမ်း တတ် နှင့် ဖာ ရိ ရှဲ တို့ အား ကိုယ် တော် က ဥ ပုသ် နေ့ တွင် လူ နာ ကို ကျန်း မာ စေ အပ် သ လော၊ မ အပ် သ လော ဟု မေး တော် မူ သော် ဆိတ် ဆိတ် နေ ကြ၏။ Judson Bible ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲတို့အား“ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးတော်မူ၏။ မြန်မာ ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊- |
ထိုနေရာ၌ လက်တစ်ဖက်သေသော လူတစ်ဦးကို ယေရှုသည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့ကလည်း ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် “ဥပုသ်နေ့၌ အနာရောဂါကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
သို့သော် ဖာရိရှဲတချို့သည် တပည့်တော်တို့ပြုသော အရာကို မြင်သောအခါ “သင်၏ တပည့်တော်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား လျှောက်ကြ၏။
ထို့နောက် ထိုသူတို့အား “ဥပုသ်နေ့တွင် ကောင်းမှုကို ပြုသင့်သလော။ သို့မဟုတ် မကောင်းမှုကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော။ သို့မဟုတ် သတ်ဖြတ်သင့်သလော” ဟု မေးတော်မူ၏။ သို့သော် သူတို့သည် မဖြေဘဲနေကြ၏။
သို့သော် သူတို့သည် မဖြေဘဲ တိတ်ဆိတ်နေကြသဖြင့် ယေရှုက လူနာကိုတို့ထိ၍ ရောဂါမှကျန်းမာစေပြီးလျှင် အိမ်သို့ပြန်စေတော်မူ၏။
ထို့နောက် ယေရှုက ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့အား “သင်တို့အား ငါမေးမည်။ ဥပုသ်နေ့တွင် ကောင်းမှုကို ပြုသင့်သလော။ သို့မဟုတ် မကောင်းမှုကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော သို့မဟုတ် သတ်သင့်သလော” ဟု မိန့်တော်မူ၏။
လူတစ်ဦးသည် ဥပုသ်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကိုခံရန် အချိန်ကျသော် သင်တို့သည် မောရှေ၏ ပညတ်ကျမ်းကို မချိုးဖောက်လိုသဖြင့် ထိုသူအား အရေပြားလှီးခြင်းမင်္ဂလာကို ပေးကြ၏။ သို့ဖြစ်လျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ဦးကို ကျန်းမာစေသည့်အတွက် သင်တို့သည် အဘယ်ကြောင့် ငါ့ကို အမျက်ထွက်ကြသနည်း။