ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
လုကာ 14:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ဦးသည် အဆောက်အအုံတစ်ခုကို တည်ဆောက်မည်ဟု ရည်ရွယ်ရာတွင် ထိုအဆောက်အအုံပြီးစီးသည်အထိ လုံလောက်သောငွေပမာဏရှိ၊ မရှိကို သိရန် ကုန်ကျစရိတ်ကို ဦးစွာ မတွက်ချက်ဘဲ နေမည်လော။ Common Language Bible သင်တို့အနက်အဘယ်သူသည်မျှော်စင်တစ်ခု ကိုတည်ဆောက်မည်ကြံပြီးနောက်မျှော်စင်ပြီး အောင်တည်ဆောက်ရန် မိမိ၌ငွေအလုံအလောက် ရှိမရှိကိုသိရန်ဦးစွာထိုင်၍တွက်ချက်မ ကြည့်ဘဲနေပါမည်နည်း။- Garrad Bible သင် တို့ တွင် တစ် ယောက် ယောက် သည် မြော် စင် ကို ဆောက် လို သော် ဦး စွာ ထိုင်၍ ကုန် ဝင် ရန် တွက် လျက် အ ပြီး သတ် အောင် လောက် သည် မ လောက် သည် ကို မ စစ် ဘဲ မည် သူ ဆောက် အံ့ နည်း။ Judson Bible သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကို သိခြင်းငှာ၊ ရှေ့ဦးစွာ ထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့ထဲတွင် တစ်စုံတစ်ဦးသည် မျှော်စင်တစ်ခုဆောက်လိုလျှင် ပြီးစီးသည်အထိ လုံလောက်သောငွေရှိ၊ မရှိ ဦးစွာထိုင်၍ ကုန်ကျစရိတ်ကိုမတွက်ချက်ဘဲနေမည်လော။ မြန်မာ သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကို သိခြင်းငှာ၊ ရှေ့ဦးစွာ ထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော။- |
ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့်မဖြစ်နိုင်ပါ။
ထိုသို့ မတွက်ချက်ဘဲ အုတ်မြစ်ချ၍ မပြီးစီးနိုင်လျှင် ထိုအဖြစ်ကို မြင်သူတိုင်းက ကဲ့ရဲ့လှောင်ပြောင်လျက်
ထိုနည်းတူ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို မစွန့်လွတ်နိုင်သောသူသည် ငါ့တပည့်မဖြစ်နိုင်။
သို့ရာတွင် ပေါလုက “သင်တို့သည် ငိုကြွေးလျက် ကျွန်ုပ်စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်သည် ဂျေရုဆလင်မြို့၌ ထောင်ကျခံရန်မျှသာမက သခင်ယေရှု၏အမည်နာမအတွက် အသေခံရန်ပင် အသင့်ရှိပါ၏” ဟု ပြန်ပြောလေ၏။