ပွဲစတင်ရန် အချိန်ရောက်သောအခါ ဖိတ်ခေါ်ခံထားရသောသူများထံ အစေအပါးတို့ကို စေလွှတ်၍ ‘လာကြလော့၊ ပွဲသည် အဆင်သင့်ဖြစ်ပါပြီ’ ဟု ပြောစေ၏။
လုကာ 14:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် လူတိုင်းက အကြောင်းပြချက်များပေးကြ၏။ တစ်ဦးက ‘စိတ်မရှိပါနှင့်။ အကျွန်ုပ်သည် မြေကွက်အနည်းငယ်ကို ဝယ်ထားသဖြင့် သွားကြည့်ရပါမည်’ ဟု ပြောလေ၏။ Common Language Bible သူတို့အားလုံးတစ်ယောက်ပြီးတစ်ယောက်ခွင့်ပန် ကြ၏။ ပထမလူက`အကျွန်ုပ်သည်လယ်တစ်ကွက် ကိုဝယ်ထားသဖြင့်သွား၍ကြည့်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။- Garrad Bible ရှိ သ မျှ တို့ အ ညီ အ ညွတ် ခွင့် ပန် ကြ ရာ တစ် ယောက် က ကျွန် တော် သည် ဝယ် ပြီး လယ် ကို အ ကြည့် သွား ရ မည် ဖြစ် သော ကြောင့် ခွင့် လွှတ် ရန် တောင်း ပန် ပါ သည် ဟူ၍ လည်း ကောင်း၊ Judson Bible ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏။ တစ်ယောက်က၊ အကျွန်ုပ်သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အားလုံးတို့သည် မလာနိုင်ကြောင်း တညီတညွတ်တည်းဆင်ခြေပေးကြ၏။ ပထမလူက ‘အကျွန်ုပ်သည် လယ်တစ်ကွက်ဝယ်ထားသည်ဖြစ်၍ ထိုလယ်ကို မဖြစ်မနေသွားကြည့်ရပါမည်။ အကျွန်ုပ်ကိုခွင့်လွှတ်ရန် တောင်းပန်ပါသည်’ဟု ဆိုလေ၏။ မြန်မာ ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏။ တစ်ယောက်က၊ အကျွန်ုပ်သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။- |
ပွဲစတင်ရန် အချိန်ရောက်သောအခါ ဖိတ်ခေါ်ခံထားရသောသူများထံ အစေအပါးတို့ကို စေလွှတ်၍ ‘လာကြလော့၊ ပွဲသည် အဆင်သင့်ဖြစ်ပါပြီ’ ဟု ပြောစေ၏။
နောက်တစ်ဦးက ‘စိတ်မရှိပါနှင့်။ နွားငါးရှဉ်းကို ဝယ်ယူထားသဖြင့် သူတို့ကို သွား၍ စမ်းသပ်ရပါမည်’ ဟု ဆို၏။
ထိုသို့ ဝမ်းနည်းသည်ကို ယေရှုမြင်တော်မူလျှင် “ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏။
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကို ကြားသော်လည်း သူတို့၏စိုးရိမ်ပူပန်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ အပျော်အပါးလိုက်စားခြင်းတို့သည် ကြီးထွားခြင်းကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူတို့ကို ဆိုလို၏။
ထိုအရှင်သည် မိမိလူမျိုးများထံသို့ ကြွလာသော်လည်း မိမိလူမျိုးများက ထိုအရှင်ကို လက်မခံကြပေ။
သို့သော် လူ့အားထုတ်မှုအပေါ် အားကိုးစရာလည်း ကျွန်ုပ်တွင် ရှိ၏။ တစ်စုံတစ်ယောက်က လူ့အားထုတ်မှုအပေါ် အားကိုးစရာရှိသည် ဟု ဆိုပါက ကျွန်ုပ်တွင် ပို၍ပင် ရှိ၏။
ဒေမသည် ဤလောကကို ချစ်၍ ကျွန်ုပ်ကို စွန့်ခွာပြီး သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့ သွားပြီ။ တိတုသည် ဒါလမာတိပြည်သို့ သွားပြီ။
မည်သူမျှ တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ အစာတစ်နပ်အတွက် သားဦးအရိုက်အရာကို ရောင်းခဲ့သည့် ဧသောကဲ့သို့ ဘုရားတရားမဲ့သူမဖြစ်စေရန် သတိပြုလော့။