ထိုသို့မဟုတ်ပါ။ သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူ ပျက်စီးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
လုကာ 13:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ပုံဥပမာတစ်ခုကို မိန့်တော်မူ၏။ ကိုယ်တော်က “လူတစ်ဦးတွင် သူ၏စပျစ်ခြံ၌ စိုက်ပျိုးထားသောသဖန်းပင်တစ်ပင် ရှိ၏။ သူသည် လာ၍ အပင်၌ အသီးကိုရှာသော်လည်း အဘယ်အသီးကိုမျှ မတွေ့။ Common Language Bible ကိုယ်တော်သည်လူအပေါင်းတို့အားပုံဥပမာ ဆောင်၍ ``လူတစ်ယောက်၏စပျစ်ဥယျာဉ်ထဲ တွင် စိုက်ပျိုးထားသောသင်္ဘောသဖန်းပင်တစ် ပင်ရှိ၏။ ဥယျာဉ်ရှင်သည်သဖန်းပင်ကိုလာ၍ သဖန်းသီးရှာသော်လည်းတစ်လုံးမျှမတွေ့ရ။- Garrad Bible ၎င်း ပြင် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ ဥ ယျာဉ် ရှင် တစ် ဦး သည် ကိုယ့် စ ပျစ် ဥ ယျာဉ်၌ စိုက် ထား သော သ ဖန်း ပင် တွင် အ သီး ရှာ လာ ရောက် သော် မ တွေ့ သ ဖြင့် ဥ ယျာဉ် စောင့် အား၊ Judson Bible တစ်ဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တစ်ပင် ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်း မတွေ့။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍ မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးတွင် မိမိစပျစ်ခြံထဲ၌စိုက်ထားသော သဖန်းပင်တစ်ပင်ရှိ၏။ သူသည် ထိုအပင်၌ အသီးကိုလာရှာသော်လည်း မတွေ့ရချေ။ မြန်မာ တစ်ဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တစ်ပင် ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်း မတွေ့။- |
ထိုသို့မဟုတ်ပါ။ သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူ ပျက်စီးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သစ်ပင်အမြစ်နားတွင် ပုဆိန်ကို ချထားပြီဖြစ်၏။ ထို့ကြောင့် ကောင်းသောအသီး မသီးသည့်အပင်ရှိသမျှတို့သည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ ပစ်ချခြင်း ခံရလိမ့်မည်” ဟူ၍ ဖြစ်၏။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
ဤသို့ပြောခြင်းသည် သင်တို့ထံမှ နောက်ထပ်အလှူကို ရလို၍ မဟုတ်။ သင်တို့၏ ရက်ရောမှုအတွက်ကြောင့် အသီးအပွင့်ကို သင်တို့ ပို၍ ရရှိခံစားစေလိုသောကြောင့် ဖြစ်၏။