“နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားလျက်ရှိ၏။ ထိုမြို့တွင် လူသားသည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများ၏လက်သို့ အပ်နှံခြင်းခံရမည်။ သူတို့သည် သူ့ကို သေဒဏ်ပေးကြလိမ့်မည်။
လုကာ 13:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ငါသည် ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့တွင် ခရီးဆက်သွားရမည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်သည် ဂျေရုဆလင်မြို့မှလွဲ၍ အခြားနေရာ၌ အသေခံရန်မဖြစ်နိုင်သောကြောင့် ဖြစ်၏’ Common Language Bible သို့ရာတွင်ယနေ့၊ နက်ဖြန်နေ့၊ နောက်တစ်နေ့၌ ငါခရီးပြုရဦးမည်။ ပရောဖက်ဟူသည်ယေရု ရှလင်မြို့မှအပအခြားအရပ်တွင်အသတ် ခံရန်မသင့်။ Garrad Bible သို့ ရာ တွင် ယေ ရု ရှ လင် မြို့ မှ တစ် ပါး ပ ရော ဖက် ဖြစ် သူ တို့ ပျက် စီး ရိုး မ ဟုတ် သော ကြောင့် ယ နေ့ နက် ဖြန် သန် ဖက် များ တွင် ငါ ခ ရီး သွား ရ ဦး မည်။ Judson Bible သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား၊ ယေရုရှလင် မြို့မှတစ်ပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှ မဆုံးရာ။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါသည် ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့တို့၌ ခရီးသွားရဦးမည်။ အကြောင်းမူကား ပရောဖက်သည် ဂျေရုဆလင်မြို့မှတစ်ပါး အခြားအရပ်၌ သေရသည်ဟူ၍မရှိနိုင်။ မြန်မာ သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား၊ ယေရုရှလင် မြို့မှတစ်ပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှ မဆုံးရာ။- |
“နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားလျက်ရှိ၏။ ထိုမြို့တွင် လူသားသည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများ၏လက်သို့ အပ်နှံခြင်းခံရမည်။ သူတို့သည် သူ့ကို သေဒဏ်ပေးကြလိမ့်မည်။
လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
သို့ရာတွင် ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူမည်ဖြစ်သောကြောင့် ထိုရွာသားတို့က လက်မခံကြ။
ထို့ကြောင့် ယေရှုသည် ဂျူးလူမျိုးတို့အကြား ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှ ထွက်ခွာ၍ တောကန္တာရအနီး ဧဖရိမ်ဟု ခေါ်သော မြို့သို့ ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
ယေရှုက “တစ်ရက်တွင် နေ့အချိန် ဆယ့်နှစ်နာရီရှိ၏။ ဤကမ္ဘာလောကအား အလင်းရောင်ကို ပေးသောသူကြောင့် လူတို့သည် နေ့အချိန်တွင် ခလုတ်မတိုက်ဘဲ သွားလာနိုင်ကြ၏။
ယေရှုက “အလင်းသည် သင်တို့တွင် ခဏတာမျှ ရှိဦးမည်။ သင်တို့ကို အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိခိုက် သွားလာကြလော့။ အမှောင်တွင် သွားလာသူသည် မိမိအဘယ်အရပ်သို့ သွားလာသည်ကို မသိနိုင်ပေ။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ငါ့ကို စေလွှတ်တော်မူသောအရှင်၏ အမှုကိစ္စတို့ကို နေ့အချိန်၌ လုပ်ဆောင်ကြရမည်။ မည်သူမျှ မလုပ်ဆောင်နိုင်သောညအချိန် ရောက်လာလိမ့်မည်။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
ယေရှုသည် ထိုကယ်တင်ရှင်ဖြစ်ကြောင်းကို ဂျေရုဆလင်မြို့တွင် နေထိုင်သောသူများနှင့် ထိုသူတို့၏အုပ်ချုပ်သူများသည် မသိကြ။ ဥပုသ်နေ့တိုင်း ရွတ်ဖတ်သော ပရောဖက်တို့၏စကားများကိုလည်း မသိနားမလည်ကြ။ ထို့ကြောင့် သူတို့သည် ထိုအရှင်ကို ပြစ်ဒဏ်ပေးခြင်းအားဖြင့် ပရောဖက်တို့၏စကားများအတိုင်း ဖြစ်လာစေကြ၏။