ထိုအချိန်၌ပင် လူတချို့သည် ယေရှုထံတော်သို့ လာ၍ ပိလတ်မင်းသည် ဂါလိလဲပြည်သားတချို့ကို သတ်၍ ထိုသူတို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့် ရောနှောကြောင်း ပြောပြကြ၏။
လုကာ 13:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “ဤဂါလိလဲပြည်သားတို့သည် အခြားဂါလိလဲပြည်သားတို့ထက် ပို၍ အပြစ်များသောကြောင့် ယခုကဲ့သို့ခံရသည်ဟု သင်တို့ထင်သလော။ Common Language Bible ကိုယ်တော်က ``ထိုလူစုသည်ယင်းသို့အသတ် ခံရသဖြင့်အခြားဂါလိလဲအမျိုးသား အပေါင်းတို့ထက်ပို၍ အပြစ်ကူးသူများ ဖြစ်သည်ဟုသင်တို့ထင်မှတ်ကြသလော။ သူ တို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။- Garrad Bible ကိုယ် တော် က ထို သို့ ခံ ရ သော ဂါ လိ လဲ နယ် သား တို့ သည် ဂါ လိ လဲ နယ် သား ခပ် သိမ်း ထက် အ ပြစ် ကြီး သည် ထင် မှတ် ကြ သ လော။ Judson Bible ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ထိုဂါလိလဲနယ်သားတို့သည် ထိုသို့သောဒုက္ခဝေဒနာကိုခံစားကြရသောကြောင့် အခြားဂါလိလဲနယ်သားအားလုံးတို့ထက် အပြစ်များသည်ဟု သင်တို့ထင်ကြသလော။ မြန်မာ ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။- |
ထိုအချိန်၌ပင် လူတချို့သည် ယေရှုထံတော်သို့ လာ၍ ပိလတ်မင်းသည် ဂါလိလဲပြည်သားတချို့ကို သတ်၍ ထိုသူတို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့် ရောနှောကြောင်း ပြောပြကြ၏။
ထိုသို့မဟုတ်ပါ။ သင်တို့အား ငါပြောဆိုသည်မှာ သင်တို့သည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်။
ထို့ပြင် ရှိလောင်မျှော်စင်လဲပြိုသောကြောင့် ပိ၍ သေဆုံးသောလူဆယ့်ရှစ်ဦးသည် ဂျေရုဆလင်မြို့ရှိ အခြားလူများထက် ပို၍ အပြစ်ကြီးသည်ဟု ထင်ကြသလော။
တပည့်တော်တို့က “ဆရာတော်… ဤသူသည် အဘယ်ကြောင့် မျက်စိမမြင်ဘဲ မွေးဖွားလာရသနည်း။ သူ၏ အပြစ်ကြောင့်လော။ မိဘများ၏ အပြစ်ကြောင့်လော” ဟု မေးလျှောက်ကြ၏။
ကျွန်းသူကျွန်းသားများက ပေါလု၏လက်တွင် တွယ်ကပ်လျက်နေသောမြွေကို မြင်သောအခါ “ဤလူသည် လူသတ်သမားဖြစ်မည်။ သူသည်ပင်လယ်ဘေးမှ လွတ်လာသော်လည်း တရားမျှတသောနတ်ဘုရားမသည် သူ့ကိုအသက်ရှင်ခွင့်ပေးမည်မဟုတ်” ဟု အချင်းချင်းပြောဆိုကြ၏။