သို့သော် ဖာရိရှဲတချို့သည် တပည့်တော်တို့ပြုသော အရာကို မြင်သောအခါ “သင်၏ တပည့်တော်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား လျှောက်ကြ၏။
လုကာ 13:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဥပုသ်နေ့တွင် ထိုအမျိုးသမီးအား ယေရှုကျန်းမာစေသောကြောင့် ဝတ်ပြုဆောင်မှူးသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရန် ခြောက်ရက်ရှိသည် ဖြစ်၍ ဥပုသ်နေ့တွင် မဟုတ်ဘဲ ကျန်သည့်နေ့များတွင် ကုသမှုခံယူရန်လာကြလော့” ဟု ပရိသတ်များကို ပြောလေ၏။ Common Language Bible ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။ Garrad Bible ဥ ပုသ် နေ့ တွင် လူ နာ ကို ယေ ရှု ကျန်း မာ စေ တော် မူ သော ကြောင့် ဓ မ္မာ ရုံ အုပ် သည် အ မျက် ထွက် လျက် လူ ပ ရိ သတ် အား လုပ် ဆောင် အပ် သော ခြောက် ရက် ရှိ သည် ဖြစ်၍ ဥ ပုသ် နေ့ တွင် မ ဟုတ်။ ထို ခြောက် ရက် အ တွင်း အ ကု အ သ ခံ ရန် လာ ကြ ဟု ဆို သော်၊ Judson Bible ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကို ငြိမ်းစေတော်မူသောကြောင့် တရားဇရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသောနေ့ရက် ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဥပုသ်နေ့၌ အနာရောဂါကိုယေရှုငြိမ်းစေတော်မူသောကြောင့် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရမည့်နေ့ရက်ခြောက်ရက်ရှိသည်ဖြစ်၍ ထိုနေ့ရက်များ၌လာ၍ ရောဂါငြိမ်းစေခြင်းကိုခံယူကြလော့။ ဥပုသ်နေ့၌မလာကြနှင့်”ဟု လူထုပရိသတ်တို့အားဆို၏။ မြန်မာ ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကို ငြိမ်းစေတော်မူသောကြောင့် တရားဇရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသောနေ့ရက် ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။- |
သို့သော် ဖာရိရှဲတချို့သည် တပည့်တော်တို့ပြုသော အရာကို မြင်သောအခါ “သင်၏ တပည့်တော်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား လျှောက်ကြ၏။
ထိုအခါ ယာဣရု အမည်ရှိသော ဂျူးဝတ်ပြုဆောင်မှူးတစ်ဦးသည် လာ၍ ယေရှုကို တွေ့မြင်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက်
ထိုအခါ သူတို့သည် လွန်စွာအမျက်ဒေါသထွက်ကာ ယေရှုနှင့်ပတ်သက်၍ မည်သို့ပြုရမည်ကို အချင်းချင်းတိုင်ပင်ကြ၏။
ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ကိုယ်တော်ကို ပြစ်တင်စွပ်စွဲမည့်အခွင့် ရှာလိုသဖြင့် ကိုယ်တော်သည် ဥပုသ်နေ့တွင် အဆိုပါလူနာအားကုသမည်၊ မကုသမည်ကို စောင့်ကြည့်နေကြ၏။
ထိုစဉ် ယာဣရုအမည်ရှိသော ဝတ်ပြုဆောင်မှူးသည် ယေရှု၏ခြေတော်ရင်း၌ ဝပ်တွားခယလျက် မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်လေ၏။
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။
ထိုအခါ သူတို့အားလုံးက ဝတ်ပြုဆောင်မှူးသုဿင်ကို ဖမ်း၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျန်မင်းသည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
ဂျူးဝတ်ပြုဆောင်မှူးဖြစ်သော ကရိပ္ပုသည် သူ၏အိမ်သူအိမ်သားများနှင့်တကွ သခင်ဘုရားကို ယုံကြည်၏။ အခြားသောကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ပေါလုဟောပြောသော တရားစကားများကို ကြား၍ ယုံကြည်သဖြင့် နှစ်ခြင်းမင်္ဂလာကို ခံယူကြ၏။
ထိုသူတို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်မှုရှိကြောင်း ကျွန်ုပ်သက်သေခံ၏။ သို့သော်လည်း ထိုထက်သန်သော စိတ်သည် အသိပညာအားဖြင့် မဟုတ်။