စာကလေးနှစ်ကောင်ကို ကြေးဒင်္ဂါးလေးတစ်ပြားနှင့်သာ ဝယ်ရသည်မဟုတ်လော။ သို့သော်လည်း သင်တို့အဖ၏အခွင့်မရှိဘဲ ထိုစာကလေးတစ်ကောင်မျှ မြေပေါ်သို့မကျရ။
လုကာ 12:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စာကလေးငါးကောင်ကို ကြေးဒင်္ဂါးလေးနှစ်ပြားနှင့်သာ ဝယ်ရသည်မဟုတ်လော။ သို့သော်လည်း ဘုရားသခင်သည် ထိုစာကလေးတစ်ကောင်ကိုမျှ မေ့လျော့သည်မဟုတ်။ Common Language Bible ``စာကလေးငါးကောင်ကိုအဿရိနှစ်ပြား ဖြင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင်ဘုရား သခင်သည်စာကလေးတစ်ကောင်ကိုမျှမေ့ လျော့တော်မမူ။- Garrad Bible စာ က လေး ငါး ကောင် ကို ပိုက် ဆံ နှစ် ပြား နှင့် ရောင်း ကြ သည် မ ဟုတ် လော။ တစ် ကောင် ကို မျှ ဘု ရား သ ခင် မေ့ တော် မ မူ။ Judson Bible စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင် မေ့လျော့တော်မမူ။- မြန်မာ့စံမီသမ္မာကျမ်း စာကလေးငါးကောင်ကို အဿရိနှစ်ပြားနှင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင် ထိုစာကလေးတစ်ကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။ မြန်မာ စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင် မေ့လျော့တော်မမူ။- |
စာကလေးနှစ်ကောင်ကို ကြေးဒင်္ဂါးလေးတစ်ပြားနှင့်သာ ဝယ်ရသည်မဟုတ်လော။ သို့သော်လည်း သင်တို့အဖ၏အခွင့်မရှိဘဲ ထိုစာကလေးတစ်ကောင်မျှ မြေပေါ်သို့မကျရ။
ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည် မျိုးစေ့ကို မကြဲ။ သီးနှံကိုလည်း မရိတ်သိမ်းကြ။ သူတို့သည် စပါးကျီမရှိ။ သိုလှောင်စရာ နေရာလည်းမရှိ။ သို့သော် ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် များစွာအဖိုးတန်သည်မဟုတ်လော။
နှင်းပန်းပင်များမည်သို့ကြီးထွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် ပင်ပန်းစွာအလုပ်မလုပ်။ ချည်လည်း မငင်။ သို့သော် ဘုန်းကြီးသောရှောလမုန်မင်းကြီးပင်လျှင် ထိုနှင်းပန်းပင်တစ်ပင်ကဲ့သို့ မဝတ်ဆင်ခဲ့ရဟု သင်တို့အား ငါပြောဆို၏။