လုကာ 11:52 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းတတ်ပညာရှင်တို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အသိပညာဖွင့်သောသော့ကို ယူထား၍ ကိုယ်တိုင်မဝင်သည့်အပြင် ဝင်လိုသောသူများကိုလည်း တားဆီးကြ၏” ဟု မိန့်တော်မူ၏။ Common Language Bible ``ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်အသိပညာဗိမာန် တံခါးသော့ကိုသိမ်းထားပြီးလျှင်ကိုယ်တိုင် လည်းမဝင်၊ ဝင်လိုသူများကိုလည်းဆီးတား ကြ၏'' ဟုမိန့်တော်မူ၏။ Garrad Bible အ ချင်း ကျမ်း တတ် တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ အ သိ ပ ညာ ဆိုင် ရာ သော့ ကို ယူ သွား သော သင် တို့ သည် ကိုယ် တိုင် မ ဝင်။ ဝင် သူ တို့ ကို လည်း ကန့် ကွက် ကြ သည် တ ကား ဟု မိန့် တော် မူ၏။ Judson Bible ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် အသိပညာသော့ကိုသိမ်းယူ၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း တားဆီးကြ၏”ဟု မိန့်တော်မူ၏။ မြန်မာ ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။- |
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှ ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသည့်သူများကိုလည်း ဝင်ခွင့်မပေးဘဲ နေကြသောကြောင့်ဖြစ်၏။
ယေရှုသည် အပြင်သို့ ထွက်တော်မူစဉ် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ယေရှုကို အလွန်ရန်လိုမုန်းတီးသဖြင့် အကြောင်းအရာများစွာနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းများ ပြုလာကြ၏။
သူတို့သည် ဂါမလျေလ၏အဆိုကို လက်ခံကြသဖြင့် တမန်တော်တို့ကိုခေါ်၍ ကြိမ်ဒဏ်ပေးပြီးနောက် ယေရှု၏အမည်နာမကို အမှီပြုလျက် မဟောပြောရန် အမိန့်ပေးကာ လွှတ်လိုက်ကြ၏။