ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
လုကာ 10:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွှင်လန်းလျက် “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏အဖ။ ဤသည်မှာ အဖခမည်းတော် နှစ်သက်တော်မူသောအရာပင် ဖြစ်၏။ Common Language Bible ထိုအခါသန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်အားရွှင်လန်းဝမ်းမြောက်စေတော်မူ သဖြင့်ကိုယ်တော်က ``မိုးမြေကိုအစိုးရတော်မူ သောအဖ၊ ကိုယ်တော်သည်အသိပညာရှင်များမှ ထိမ်ဝှက်ထားတော်မူသောအကြောင်းအရာများ ကို ပညာမဲ့သူများအားဖွင့်ပြတော်မူသော ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ အဖ ခမည်းတော်၊ ဤသို့ဖြစ်ရခြင်းမှာကိုယ်တော် လိုလားတော်မူသည်အတိုင်းဖြစ်ပါ၏။ Garrad Bible ထို အ ချိန် နာ ရီ တွင် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ရွှင် လန်း လျက် ကိုယ် တော် က မိုး မြေ့ ရှင် အ ဖ ခ မည်း တော်၊ ဤ အ ရာ များ ကို ပ ညာ ရှိ နှင့် ဉာဏ် ကောင်း သူ တို့ အား ဝှက် ထား လျက် သူ ငယ် တို့ အား ဖွင့် ပြ တော် မူ သော ကြောင့် ကျေး ဇူး တော် ကြီး လှ ပါ၏။ အို အ ဘ၊ ထို သို့ အ လို ရှိ တော် မူ သော ကြောင့် ချီး မွမ်း ပါ၏။ Judson Bible ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူ သောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏။ အဘ။- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။ မြန်မာ ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူ သောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏။ အဘ။- |
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
ထို့ကြောင့် သူတို့က “ဤကလေးငယ်များ မည်သို့ပြောဆိုနေကြသည်ကို ကြားသလော” ဟု ကိုယ်တော်အား မေးကြ၏။ ယေရှုက “ငါကြား၏။ ကျမ်းစာ၌ ‘ကလေးများနှင့် နို့စို့သူငယ်များက ကိုယ်တော်ကို ချီးမွမ်းစေရန် ကိုယ်တော်သည် သင်ကြားပေးတော်မူပြီ’ ဟူ၍ရေးသားထားသည်ကို သင်တို့ တစ်ခါမျှမဖတ်ဖူးသလော” ဟု မိန့်တော်မူ၏။
ဖာရိရှဲများနှင့် ဇဒ္ဒုကဲတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာကြသည်ကို ယောဟန်မြင်သောအခါ “အို မြွေဆိုးအမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်၏ အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကို မည်သူက သတိပေးခဲ့သနည်း။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုသိုးကို တွေ့သောအခါ ပခုံးပေါ်တင်၍ ဝမ်းမြောက်စွာ အိမ်သို့ ယူဆောင်လာလိမ့်မည်။
ထို့နောက် ပြန်တွေ့သောအခါ မိတ်ဆွေများနှင့် အိမ်နီးချင်းများကို ခေါ်ကာ ‘ပျောက်သွားသောဒင်္ဂါးပြားကို တွေ့ပြီဖြစ်သောကြောင့် ငါနှင့်အတူ ဝမ်းမြောက်ကြလော့’ ဟု ပြောလိမ့်မည်။
သို့ဖြစ်၍ လူတို့သည် ကျောက်တုံးကို ရွှေ့ကြ၏။ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်တော်မူပြီးလျှင် “အို အဖ… အကျွန်ုပ်တောင်းလျှောက်သည်ကို နားဆင်တော်မူပြီဖြစ်သောကြောင့် ကျေးဇူးတင်ပါ၏။
ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းသည် ဖုံးအုပ်ခြင်းခံရသည်ဆိုလျှင် ပျက်စီးတော့မည့်သူတို့အတွက်သာ ဖုံးအုပ်ခြင်းခံရ၏။
အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။
ယေရှုခရစ်တော်အားဖြင့် မိမိ၏သားသမီးအဖြစ် ကြိုတင်သတ်မှတ်တော်မူ၏။ ဤအရာသည် ဘုရားသခင် နှစ်သက်တော်မူသောအရာနှင့် အလိုရှိတော်မူသောအရာပင် ဖြစ်၏။