ယုဒပြည်ကို အုပ်ချုပ်သောဟေရုဒ်မင်း လက်ထက်၌ ဇာခရိဟု ခေါ်သော ယဇ်ပုရောဟိတ်တစ်ပါး ရှိ၏။ ထိုသူသည် အဘိယ ယဇ်ပုရောဟိတ် အဖွဲ့ဝင်တစ်ဦး ဖြစ်၍ သူ၏ဇနီးဖြစ်သော ဧလိရှဗက်သည်လည်း ယဇ်ပုရောဟိတ်အနွယ်ဝင် အာရုန်မှ ဆင်းသက်သောသူဖြစ်၏။
လုကာ 1:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ဧလိရှဗက်သည် မြုံသောကြောင့် သူတို့၌ သားသမီးမထွန်းကားပေ။ သူတို့နှစ်ဦးသည် အသက်အရွယ်ကြီးရင့်သူများ ဖြစ်ကြ၏။ Common Language Bible သို့သော်ဧလိရှဗက်သည်အမြုံဖြစ်၍သားသမီး မရ။ သူတို့နှစ်ဦးလုံးပင်အသက်ကြီးရင့်ကြ လေပြီ။- Garrad Bible ဧ လိ ရှ ဗက် သည် မြုံ၍၊ ထို သူ တို့ တွင် သား မ ရှိ၊ နှစ် ဦး လုံး ပင် အ သက် ကြီး ရင့် လှ ပြီ။ Judson Bible ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။ မြန်မာ ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။ |
ယုဒပြည်ကို အုပ်ချုပ်သောဟေရုဒ်မင်း လက်ထက်၌ ဇာခရိဟု ခေါ်သော ယဇ်ပုရောဟိတ်တစ်ပါး ရှိ၏။ ထိုသူသည် အဘိယ ယဇ်ပုရောဟိတ် အဖွဲ့ဝင်တစ်ဦး ဖြစ်၍ သူ၏ဇနီးဖြစ်သော ဧလိရှဗက်သည်လည်း ယဇ်ပုရောဟိတ်အနွယ်ဝင် အာရုန်မှ ဆင်းသက်သောသူဖြစ်၏။
ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။
တစ်နေ့တွင် ဇာခရိသည် သူ၏အဖွဲ့ အလှည့်ကျသဖြင့် ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်ဝတ္တရားကို ဆောင်ရွက်နေစဉ်
အာဗြဟံသည် အသက်တစ်ရာခန့်ရှိ၍ မိမိခန္ဓာသည် အသေကဲ့သို့ရှိကြောင်းနှင့် မိမိဇနီးစာရာ၏ ဝမ်းသည် မြုံကြောင်းကို ဆင်ခြင်မိသောအခါ၌ပင်လျှင် ယုံကြည်ခြင်းမလျော့နည်းခဲ့ပေ။
မြုံသောစာရာသည် အသက်အရွယ်လွန်သော်လည်း ယုံကြည်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသောအရှင်မှာ သစ္စာရှိသည်ဟု သူမှတ်ယူသောကြောင့် ဖြစ်၏။