ယေရှုသည် ခွင့်ပြုတော်မူ၏။ ထိုအခါ နတ်ဆိုးတို့သည် ထိုလူအထဲမှ ထွက်ကာ ဝက်များအထဲသို့ ဝင်ကြသဖြင့် အရေအတွက်အားဖြင့် နှစ်ထောင်ခန့်ရှိသော ဝက်အုပ်ကြီးသည် တောင်ကုန်းပေါ်မှ အိုင်ထဲသို့ တစ်ဟုန်ထိုး ပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။
လုကာ 1:49 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကြီးမြတ်၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောအရှင်သည် ကြီးမြတ်သောအမှုတို့ကို ကျွန်မအတွက် ပြုတော်မူသောကြောင့်ဖြစ်၏။ ကိုယ်တော်၏အမည်နာမတော်သည် သန့်ရှင်းတော်မူ၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်တန်ခိုးရှင်သည် ငါ့အတွက်အံ့သြဖွယ်သောအမှုများကို ပြုတော်မူသောကြောင့်ဖြစ်၏။ ကိုယ်တော်၏နာမတော်သည်မြင့်မြတ် သန့်ရှင်းတော်မူ၏။ Judson Bible တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသည် အံ့ဖွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား၏ နာမတော်သည် ရိုသေဖွယ်ဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်သည် ကြီးမားသောအမှုတို့ကို ငါ့အတွက်ပြုတော်မူပြီ။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းတော်မူ၏။ မြန်မာ တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသည် အံ့ဖွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား၏ နာမတော်သည် ရိုသေဖွယ်ဖြစ်တော်မူ၏။- |
ယေရှုသည် ခွင့်ပြုတော်မူ၏။ ထိုအခါ နတ်ဆိုးတို့သည် ထိုလူအထဲမှ ထွက်ကာ ဝက်များအထဲသို့ ဝင်ကြသဖြင့် အရေအတွက်အားဖြင့် နှစ်ထောင်ခန့်ရှိသော ဝက်အုပ်ကြီးသည် တောင်ကုန်းပေါ်မှ အိုင်ထဲသို့ တစ်ဟုန်ထိုး ပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိအစေခံ၏သိမ်ငယ်သောအဖြစ်ကို သတိပြုတော်မူသောကြောင့် ဖြစ်၏။ ယခုမှစ၍ နောင်လာနောက်သားတို့သည် ကျွန်မကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
ကိုယ်တော်အား ကြောက်ရွံ့သောသူတို့အပေါ်တွင် သူ၏ကရုဏာတော်ကို အစဉ်အဆက် ပြသလျက်ရှိ၏။
ကျွန်ုပ်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်သမျှသောအရာ၊ ကြံစည်သမျှသောအရာတို့ထက် အဆပေါင်းများစွာ ပေးနိုင်သော ဘုရားသခင်သည်
အို ထာဝရဘုရား… ကိုယ်တော်ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်၏ နာမတော်ကို မချီးမွမ်းသောသူဟူ၍ ရှိပါမည်လော။ ကိုယ်တော်တစ်ပါးတည်းသာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်သောလုပ်ဆောင်မှုတို့သည် ပေါ်လွင်ထင်ရှားသောကြောင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့တော်သို့ လာ၍ ကိုးကွယ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။
သတ္တဝါလေးပါးတွင် တောင်ပံခြောက်ခုစီရှိ၍ တောင်ပံအတွင်းနှင့်အပြင်၌ မျက်လုံးများအပြည့်ရှိ၏။ သူတို့က “ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” ဟူ၍ နေ့ညမပြတ် ကြွေးကြော်နေကြ၏။