ကောင်းကင်တမန်က “ဇာခရိ… မကြောက်နှင့်။ ဘုရားသခင်သည် သင်၏ဆုတောင်းသံကို နားဆင်တော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ယောဟန်ဟု မှည့်ရမည်။
လုကာ 1:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသားသည် သင့်အား ဝမ်းမြောက်ရွှင်လန်းစေလိမ့်မည်။ လူများစွာတို့သည် ထိုသား မွေးဖွားလာသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ Common Language Bible သင်သည်ဝမ်းမြောက်ရွှင်မြူးလိမ့်မည်။ ထိုသား ဖွားမြင်လာသည့်အတွက်လူအများပင် ဝမ်းမြောက်ကြလိမ့်မည်။- Garrad Bible သင်၌ အား ရ ဝမ်း မြောက် ခြင်း ရှိ သည့် ပြင် သူ ငယ် ဖွား မြင် ခြင်း ကြောင့် လူ အ များ တို့ ဝမ်း မြောက် ရ ကြ လိမ့် မည်။ Judson Bible သင်သည် ဝမ်းသာရွှင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သူသည် သင့်အတွက် ဝမ်းမြောက်စရာ၊ ရွှင်မြူးစရာဖြစ်မည်။ လူများစွာတို့သည်လည်း သူ၏ဖွားမြင်ခြင်းအတွက် ဝမ်းမြောက်ကြလိမ့်မည်။ မြန်မာ သင်သည် ဝမ်းသာရွှင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။- |
ကောင်းကင်တမန်က “ဇာခရိ… မကြောက်နှင့်။ ဘုရားသခင်သည် သင်၏ဆုတောင်းသံကို နားဆင်တော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ယောဟန်ဟု မှည့်ရမည်။
အဘယ်ကြောင့်ဆိုသော် ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူတစ်ဦး ဖြစ်လာမည့်အတွက်ကြောင့် ဖြစ်၏။ သူသည် စပျစ်ဝိုင်နှင့် အခြားအရက်တို့ကို မသောက်ဘဲနေရမည်။ မိခင်ဝမ်းဗိုက်ထဲ ရှိစဉ်တွင်ပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောသူ ဖြစ်လိမ့်မည်။
ထာဝရဘုရားသည် ကြီးမားသောကရုဏာတော်ကို ဧလိရှဗက်အပေါ် ပြသတော်မူကြောင်းကို အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းတို့ကြားကြသောအခါ သူနှင့်အတူ ဝမ်းမြောက်ကြ၏။