မိမိသခင်၏အလိုကို သိလျက် သခင်အလိုရှိသောအရာကို အသင့်မပြင်ဆင်သော အစေခံသည် ရိုက်နှက်ခြင်းကို ပြင်းစွာခံရလိမ့်မည်။
ရှင်ယောဟန် 9:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက သူတို့အား “သင်တို့သည် မျက်မမြင်ဖြစ်ပါက အပြစ်မရှိ။ သို့သော် သင်တို့က ‘ငါတို့သည် မျက်စိမြင်သည်’ ဟု ဆိုသောကြောင့် သင်တို့တွင် အပြစ်ရှိနေသေးသည်” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``သင်တို့သည်မျက်မမြင်များ ဖြစ်ပါမူအပြစ်ရှိကြမည်မဟုတ်။ ယခုမူ ကားသင်တို့က `ငါတို့သည်မျက်စိမြင်ပါသည်' ဟုဆိုကြသဖြင့် သင်တို့တွင်အပြစ်ရှိလျက် နေသတည်း'' ဟုမိန့်တော်မူ၏။ Garrad Bible ယေရှုက၊ သင်တို့ကန်းလျှင် အပြစ်သင့်မည်မဟုတ်။ ယခုမူကား မြင်သည်ဟုဆိုကြသည်နှင့် သင်တို့၌အပြစ်တည်၏။ Judson Bible ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခု ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သင်တို့သည် မျက်မမြင်များဖြစ်ခဲ့ကြလျှင် သင်တို့၌အပြစ်ရှိခဲ့မည်မဟုတ်။ သို့ရာတွင် ‘ငါတို့မြင်သည်’ဟု သင်တို့ယခုဆိုနေကြသဖြင့် သင်တို့၏အပြစ်သည် တည်မြဲတည်၏။ မြန်မာ ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခု ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။ |
မိမိသခင်၏အလိုကို သိလျက် သခင်အလိုရှိသောအရာကို အသင့်မပြင်ဆင်သော အစေခံသည် ရိုက်နှက်ခြင်းကို ပြင်းစွာခံရလိမ့်မည်။
သင်တို့အား ငါပြောဆိုသည်မှာ ထိုအခွန်ကောက်သူသည် အပြစ်ပြေလျက် အိမ်သို့ပြန်လေ၏။ ဖာရိရှဲမှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရ၍ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရသောကြောင့်ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။
ကျွန်ုပ်တို့သည် သမ္မာတရားကို သိရှိပြီးနောက် တမင်တကာ ဆက်လက် အပြစ်ကျူးလွန်နေလျှင် ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။
ထို့ကြောင့် ကောင်းမှုကို လုပ်ဆောင်သင့်ကြောင်း သိလျက်နှင့် မလုပ်ဆောင်ဘဲ နေလျှင် အပြစ်ရှိ၏။