သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
ရှင်ယောဟန် 9:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မောရှေကို မိန့်မြွက်ပြောဆိုသည်ကို ငါတို့သိကြ၏။ ဤသူသည် အဘယ်ကလာသည်ကိုပင် ငါတို့မသိပါ” ဟု ကဲ့ရဲ့ရှုတ်ချလျက် ဆိုကြ၏။ Common Language Bible ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။ Garrad Bible ဘုရားသခင်သည် မောရှေအားဗျာဒိတ်ပေးတော်မူကြောင်းငါတို့သိ၏။ ဤသူကား မည်သည့်ဇာတိဒေသကဖြစ်သည်ကိုမသိဟု ဆိုကြ၏။ Judson Bible ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် မောရှေအား အမိန့်ရှိတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူကား မည်သည့်အရပ်မှလာသည်ကို ငါတို့မသိ”ဟု သူ့ကိုပုတ်ခတ်ပြောဆိုကြ၏။ မြန်မာ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊- |
သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
“ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်ဆောက်နိုင်သည်’ ဟု ပြောခဲ့သည်” ဟူ၍ သက်သေခံကြ၏။
ထိုသူတို့က “ဤသူသည် ပြည်သူလူထုကို လမ်းမှားစေ၍ ဆီဇာဘုရင်ထံ အခွန်ပေးဆောင်ခြင်းအား တားမြစ်နေသည်ကိုလည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်ဟူသော ရှင်ဘုရင်တစ်ပါးဖြစ်ကြောင်း ပြောဆိုနေသည်ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
သို့သော်လည်း ဤသူသည် အဘယ်က လာသည်ကို ငါတို့သိကြ၏။ ခရစ်တော် ကြွလာတော်မူသောအခါတွင်မူ အဘယ်ကလာသည်ကို မည်သူမျှ သိမည်မဟုတ်ပါ” ဟု ပြောဆိုကြ၏။
ဗိမာန်တော်၌ သွန်သင်တော်မူစဉ် ယေရှုက “ငါသည် မည်သူဖြစ်ကြောင်းနှင့် အဘယ်ကလာကြောင်းကို သင်တို့သိကြ၏။ သို့ရာတွင် ငါသည် မိမိသဘောနှင့် လာသည်မဟုတ်ပါ။ ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် စစ်မှန်သောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်ကို သင်တို့မသိကြ။
ယေရှုက “ငါသည် မိမိအကြောင်းမိမိ သက်သေခံသော်လည်း ငါ့သက်သေသည် ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် မည်သည့်အရပ်မှ လာ၍ မည်သည့်အရပ်သို့ သွားမည်ကို ငါသိ၏။ သင်တို့ကမူ ငါသည် မည်သည့်အရပ်မှ လာ၍ မည်သည့်အရပ်သို့ သွားမည်ကို မသိကြ။
ထို့ကြောင့် ဖာရိရှဲတချို့က “သူသည် ဥပုသ်နေ့တွင် အလုပ်လုပ်သောကြောင့် ဘုရားသခင်ထံတော်မှ လာသောသူ မဖြစ်နိုင်” ဟု ဆိုကြ၏။ သို့သော် တချို့က “သာမန်လူ အပြစ်သားတစ်ဦးသည် ထိုကဲ့သို့သော နိမိတ်လက္ခဏာကို မည်သို့ ပြုနိုင်မည်နည်း” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အချင်းချင်း သဘောထားကွဲလွဲကြ၏။
ထို့ကြောင့် သူတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ် ခေါ်၍ “ဤအရာအတွက် ဘုရားသခင်ရှေ့တော်တွင် အမှန်အတိုင်း ပြောလော့။ ထိုယေရှုသည် အပြစ်သားဖြစ်ကြောင်း ငါတို့သိကြ၏” ဟု ဆိုကြ၏။
ထိုသူက “သူသည် ကျွန်ုပ်ကို မျက်စိမြင်စေခဲ့သော်လည်း သင်တို့က ထိုသူအဘယ်ကလာသည်ကို မသိသည်မှာ အံ့ဖွယ်ကောင်းလှ၏။
လူတို့သည် ဤမျှကြာအောင် နားထောင်နေကြပြီးနောက် လူမျိုးခြားတို့အကြောင်း ပေါလုပြောဆိုသည်ကို ကြားသောအခါ မိမိတို့၏အသံကို ကျယ်လောင်စွာ အော်ဟစ်၍ “ဤကဲ့သို့သော သူကို ကမ္ဘာမြေပေါ်မှ သုတ်သင်ဖယ်ရှားလော့။ သူသည် အသက်မရှင်ထိုက်” ဟု ဆိုကြ၏။
သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏ ကူညီမစတော်မူခြင်းကို ခံရသောကြောင့် ယနေ့တိုင်အောင်ရပ်တည်လျက် လူတန်းစားအနိမ့်အမြင့်မရွေးဘဲ လူအပေါင်းတို့အား ဟောပြောပါ၏။ ထိုသို့ဟောပြောရာတွင်လည်း ပရောဖက်များနှင့် မောရှေတို့ဟောပြောခဲ့သည့် နောင်အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုသာ ဟောပြောပါ၏။
‘မည်သူသည် သင့်ကို အုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် ခန့်ထားသနည်း’ ဟု ငြင်းပယ်ခံရသောမောရှေကို ဘုရားသခင်သည် ချုံပုတ်တွင် ကိုယ်ထင်ပြသောကောင်းကင်တမန်အားဖြင့် အုပ်ချုပ်သူနှင့် ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။
ရှေးကာလ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို ပရောဖက်များမှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောတော်မူ၏။
ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။