အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ဂုဏ်ပြုချီးမွမ်းခြင်းထက် လူတို့၏ ဂုဏ်ပြုချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသောကြောင့် ဖြစ်၏။
ရှင်ယောဟန် 5:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့၏ဂုဏ်ပြုချီးမြှောက်ခြင်းကို ငါမခံလို။ Common Language Bible ``လူတို့ချီးမွမ်းဂုဏ်ပြုခြင်းကိုငါမခံလို။ သို့ရာတွင်သင်တို့အကြောင်းကိုငါသိ၏။ သင်တို့စိတ်နှလုံးတွင်ဘုရားသခင်ကို ချစ်ခြင်းမရှိကြ။- Garrad Bible ငါသည်လူတို့အချီးအမွမ်းကို မခံမယူ။ Judson Bible လူပေးသောဘုန်းအသရေကို ငါမခံ။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် လူတို့ပေးသော ဘုန်းအသရေကိုမခံမယူ။ မြန်မာ လူပေးသောဘုန်းအသရေကို ငါမခံ။- |
အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ဂုဏ်ပြုချီးမွမ်းခြင်းထက် လူတို့၏ ဂုဏ်ပြုချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသောကြောင့် ဖြစ်၏။
လူတို့၏သက်သေကို ငါမလိုအပ်သော်လည်း သင်တို့ကယ်တင်ခြင်းရရန် ဤစကားကို ငါပြောရ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့ အထဲ၌ ဘုရားသခင်ကိုချစ်သောစိတ် မရှိကြောင်း ငါသိမြင်သောကြောင့်ဖြစ်၏။
သင်တို့သည် အချင်းချင်းဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်၏ ဂုဏ်ပြုချီးမြှောက်ခြင်းကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ဘဲနေသည်မှာ အံ့ဩစရာမရှိ။
ယေရှုသည် ထိုသူတို့ လာ၍ မိမိကို ရှင်ဘုရင်အဖြစ် အတင်းအကျပ်တင်မြှောက်ကြမည်ကို သိမြင်တော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။
မိမိခံယူချက်အတိုင်း ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ သို့သော် မိမိကို စေလွှတ်တော်မူသောအရှင်၏ ဘုန်းအသရေကို ရှာသောသူသည် ဖြောင့်မှန်သောသူဖြစ်ပြီး မလိမ်ညာတတ်။
ငါသည် ကိုယ့်ဘုန်းအသရေကို မရှာ။ သို့သော်လည်း ဘုရားသခင်သည် ငါ့အတွက် ဘုန်းအသရေကိုရှာတော်မူ၏။ ဘုရားသခင်သည် စစ်မှန်သောတရားစီရင်သူဖြစ်တော်မူ၏။
ယေရှုက “ငါသည် ကိုယ့်ကိုယ်ကိုယ် ဘုန်းကြီးစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ကို ဘုန်းကြီးစေသောအရှင်သည် ငါ့ခမည်းတော်ဖြစ်၏။ သင်တို့က ထိုအရှင်ကို ‘ငါတို့၏ ဘုရားသခင်’ ဟု ဆိုကြ၏။
ယေရှုခရစ်တော်၏ တမန်တော်များဖြစ်သည့် ကျွန်ုပ်တို့သည် မိမိတို့၏ အခွင့်အာဏာကို သုံးနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ တစ်ဦးတစ်ယောက်ထံမှဖြစ်စေ လူတို့၏ချီးမွမ်းခြင်းကို ခံရရန် မကြိုးစားဘဲ
ထိုသို့ ဒုက္ခဆင်းရဲခံရလျှင်ပင် ကောင်းမှုပြုရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ခရစ်တော်သည်လည်း သင်တို့ကိုယ်စား ဆင်းရဲဒုက္ခခံ၍ မိမိခြေရာတော်ကို သင်တို့လိုက်နိုင်ရန် စံနမူနာထားခဲ့တော်မူ၏။
ကိုယ်တော်သည် ခမည်းတော်ဘုရားသခင်ထံမှ ဂုဏ်အသရေနှင့် ဘုန်းအသရေကို ခံယူတော်မူခဲ့၏။ ထိုစဉ် ဘုရားသခင်၏ ကြီးမြတ်သောဘုန်းတော်ထံမှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏” ဟူသော အသံတော်သည် ထွက်ပေါ်လာ၏။