ထိုအခါ သူတို့၏မျက်စိများ ပွင့်၍ ယေရှုဖြစ်ကြောင်း သိကြရ၏။ ထိုစဉ် ယေရှုသည် သူတို့၏မြင်ကွင်းမှ ကွယ်ပျောက်သွားတော်မူ၏။
ရှင်ယောဟန် 5:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မည်သူဖြစ်ကြောင်းကို သူသည် မသိ။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် လူအုပ်ထဲသို့ မထင်မရှား ကြွသွားတော်မူသောကြောင့်ဖြစ်၏။ Common Language Bible သို့ရာတွင်မိမိအားဤသို့စေခိုင်းသူသည် မည်သူဖြစ်ကြောင်းကို ကျန်းမာလာသောသူ သည်မသိ။ အဘယ်ကြောင့်ဆိုသော်သခင် ယေရှုသည် ပရိသတ်အကြားမှမထင် မရှားထွက်ခွာသွားတော်မူသောကြောင့်တည်း။ Garrad Bible ထိုအရပ်တွင် လူပရိသတ်ထူထပ်သည်နှင့် ယေရှုကွယ်ကြွတော်မူပြီးဖြစ်သောကြောင့် ရောဂါကင်းပျောက်သူသည် မည်သူမှန်းမသိချေ။ Judson Bible ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည် မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစုဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် အကောင်းပကတိဖြစ်လာသောသူသည် ထိုသို့မိန့်တော်မူသောသူမှာ မည်သူဖြစ်သည်ကိုမသိ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ လူအစုအဝေးရှိနေစဉ် ယေရှုသည် မထင်မရှားထွက်သွားတော်မူသောကြောင့်ဖြစ်၏။ မြန်မာ ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည် မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစုဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။ |
ထိုအခါ သူတို့၏မျက်စိများ ပွင့်၍ ယေရှုဖြစ်ကြောင်း သိကြရ၏။ ထိုစဉ် ယေရှုသည် သူတို့၏မြင်ကွင်းမှ ကွယ်ပျောက်သွားတော်မူ၏။
ယေရှုက “ဖိလိပ္ပု… ငါသည် သင်နှင့်အတူ အမြဲရှိနေခဲ့ပါလျက်နှင့် ငါမည်သူဖြစ်သည်ကို ယခုတိုင်အောင် မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် သင်သည် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြပါဟု အဘယ်ကြောင့်ဆိုသနည်း။
ထိုသူတို့ကလည်း “သင့်အား ‘ထလော့။ သင့်အိပ်ရာကို ယူ၍ လမ်းလျှောက်လော့’ ဟု ပြောသူသည် မည်သူနည်း” ဟု မေးကြ၏။
ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌ တွေ့မြင်တော်မူသဖြင့် “ယခု သင်ကျန်းမာပြီ။ နောက်ထပ် အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ ဆိုးရွားသောဘေးဒုက္ခသည် သင့်အပေါ်ကျရောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ သူတို့သည် ယေရှုကို ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။