ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
ရှင်ယောဟန် 4:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစဉ် ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ရန် ရောက်လာ၏။ ယေရှုက “သောက်ရေအနည်းငယ်တိုက်ပါ” ဟု မိန့်တော်မူ၏။ Common Language Bible ရှမာရိအမျိုးသမီးတစ်ဦးသည်ရေခပ်ရန် ရောက်ရှိလာ၏။ သခင်ယေရှုက ``ငါ့အား သောက်ရေတစ်ခွက်ပေးပါ'' ဟုထိုအမျိုး သမီးအားမိန့်တော်မူ၏။- Garrad Bible ထိုအခါ ခြောက်နာရီခန့်ဖြစ်လျက် ရေခပ်ခြင်းငှါရှမာရိမိန်းမတစ်ဦးရောက်လာသော် ယေရှုက သောက်ရန်ပေးပါဟု တောင်းဆိုတော်မူ၏။ Judson Bible ရှမာရိမိန်းမတစ်ယောက်သည် ရေခပ်ခြင်းငှာ လာ၍၊ ယေရှုက၊ ငါသောက်ဖို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ရန်ရောက်ရှိလာရာ ယေရှုက“ငါသောက်ဖို့ရေပေးပါ”ဟု ထိုအမျိုးသမီးအား မိန့်တော်မူ၏။ မြန်မာ ရှမာရိမိန်းမတစ်ယောက်သည် ရေခပ်ခြင်းငှာ လာ၍၊ ယေရှုက၊ ငါသောက်ဖို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။- |
ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
ယေရှုသည် အမှုအလုံးစုံ ပြီးစီးကြောင်းကို သိတော်မူသဖြင့် ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် “ငါရေငတ်သည်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အတွက် ဘုရားသခင်ပေးတော်မူမည့် လက်ဆောင်ကိုလည်းကောင်း၊ သင့်ထံမှ သောက်ရေကို တောင်းသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိပါက သင်သည် ငါ့ထံမှ ရေကို တောင်းလိမ့်မည်။ ငါသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု ဖြေတော်မူ၏။
ထိုနေရာတွင် ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးပန်းတော်မူသဖြင့် ရေတွင်းအနီး၌ ထိုင်တော်မူ၏။ ထိုအချိန်သည် မွန်းတည့်ချိန်ခန့်ဖြစ်၏။