ထို့နောက် ယေရှုသည် နတ်ဆိုးကို ဆုံးမသဖြင့် နတ်ဆိုးသည် သူငယ်အထဲမှ ထွက်သွား၏။ ထိုခဏချင်းတွင် သူငယ်သည် ကျန်းမာလာ၏။
ရှင်ယောဟန် 4:52 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အမတ်က “မည်သည့်အချိန်တွင် စတင်ကျန်းမာလာသနည်း” ဟု မေး၏။ ထိုအခါ သူတို့က “မနေ့က မွန်းလွဲ တစ်နာရီတွင် အဖျားကျသွားပါသည်” ဟု ဖြေကြ၏။ Common Language Bible ထိုသူက ``အဘယ်အချိန်၌သားငယ်ရောဂါ သက်သာသွားပါသနည်း'' ဟုမေးသောအခါ အစေခံများက ``ယမန်နေ့မွန်းလွဲတစ်နာရီ ခန့်တွင်အဖျားပျောက်ပါ၏'' ဟုဖြေကြား ကြ၏။- Garrad Bible သက်သာချိန်ကို မေးမြန်းသော်၊ ယမန်နေ့ခုနစ်နာရီအချိန် အဖျားကင်းပျောက်ပါသည်ဟု ပြန်လျှောက်ကြသဖြင့်၊ Judson Bible အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူသည် မိမိ၏သား သက်သာသွားသည့်အချိန်ကို အစေခံတို့အားမေးမြန်းလျှင် သူတို့က “မနေ့မွန်းလွဲတစ်နာရီတွင် အဖျားပျောက်သွားပါသည်”ဟု လျှောက်ကြ၏။ မြန်မာ အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။- |
ထို့နောက် ယေရှုသည် နတ်ဆိုးကို ဆုံးမသဖြင့် နတ်ဆိုးသည် သူငယ်အထဲမှ ထွက်သွား၏။ ထိုခဏချင်းတွင် သူငယ်သည် ကျန်းမာလာ၏။
ထို့နောက် ယေရှုက ထိုရောမတပ်မှူးအား “အိမ်သို့ ပြန်လော့။ သင်၏ယုံကြည်ခြင်းအတိုင်း ဖြစ်ပြီ” ဟု မိန့်တော်၏။ ထိုသို့ မိန့်တော်မူသည့်အချိန်၌ပင် တပ်မှူး၏ အစေခံသည် ပြန်လည်ကျန်းမာလေ၏။
အပြန်လမ်း၌ပင် သူ၏ အစေခံများနှင့် တွေ့ဆုံရာ သူတို့က သားဖြစ်သူသည် ကျန်းမာပြီဖြစ်ကြောင်း ပြောကြားကြ၏။
ထိုအခါ ဖခင်ဖြစ်သူက ထိုအချိန်မှာ “သင်၏သား ကျန်းမာပြီ” ဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်ကြောင်းကို သိလေ၏။ ထို့နောက် အမတ်ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သား အားလုံးတို့သည် ယေရှုကို ယုံကြည်ကြကုန်၏။