ထိုအချိန်၌ပင် လူတချို့သည် ယေရှုထံတော်သို့ လာ၍ ပိလတ်မင်းသည် ဂါလိလဲပြည်သားတချို့ကို သတ်၍ ထိုသူတို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့် ရောနှောကြောင်း ပြောပြကြ၏။
ရှင်ယောဟန် 4:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ ဂါလိလဲပြည်သားတို့သည် ကိုယ်တော်ကို ကြိုဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် ဂျေရုဆလင်မြို့တွင် ကျင်းပသည့်ပသခါပွဲတော်သို့ သူတို့ကိုယ်တိုင် သွားကြစဉ် ထိုပွဲ၌ ယေရှုပြုတော်မူသမျှသော အမှုတို့ကို မြင်တွေ့ခဲ့ကြသောကြောင့်ဖြစ်၏။ Common Language Bible ရောက်တော်မူလျှင်ဂါလိလဲပြည်သားတို့ သည်ကိုယ်တော်အားကြိုဆိုလက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော်ယေရုရှလင်မြို့ တွင်ကျင်းပခဲ့သည့်ပသခါပွဲတော်သို့ သူ တို့ကိုယ်တိုင်ရောက်ခဲ့ကြ၍ ထိုပွဲတော်အတွင်း ၌ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာ အပေါင်းကိုတွေ့မြင်ခဲ့ကြသောကြောင့်တည်း။ Garrad Bible ထိုနယ်သူနယ်သားတို့သည် ယေရုရှလင်မြို့ပွဲတော်သို့သွား၍ ပွဲအတွင်းပြုတော်မူသမျှကိုမြင်ခဲ့ကြသဖြင့် ကိုယ်တော်ကိုလက်ခံကြ၏။ Judson Bible ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂါလိလဲနယ်သို့ရောက်တော်မူသောအခါ ဂါလိလဲနယ်သားတို့သည် ကိုယ်တော်ကိုကြိုဆိုလက်ခံကြ၏။ အကြောင်းမူကား သူတို့သည်လည်း ပွဲတော်သို့သွားရောက်ခဲ့၍ ပွဲတော်ကာလအတွင်း ဂျေရုဆလင်မြို့၌ ကိုယ်တော်ပြုတော်မူသောအမှုအရာအားလုံးတို့ကို မြင်ခဲ့ကြ၏။ မြန်မာ ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။- |
ထိုအချိန်၌ပင် လူတချို့သည် ယေရှုထံတော်သို့ လာ၍ ပိလတ်မင်းသည် ဂါလိလဲပြည်သားတချို့ကို သတ်၍ ထိုသူတို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့် ရောနှောကြောင်း ပြောပြကြ၏။
ယေရှုသည် အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူသောအခါ လူအုပ်ကြီးသည် ခရီးဦးကြိုပြုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိုယ်တော်ကို စောင့်မျှော်နေကြသောကြောင့်ဖြစ်၏။
သို့ရာတွင် ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူမည်ဖြစ်သောကြောင့် ထိုရွာသားတို့က လက်မခံကြ။
ဂျေရုဆလင်မြို့ ပသခါပွဲတော်အတွင်း ကိုယ်တော်ပြုတော်မူသော နိမိတ်လက္ခဏာများကို မြင်တွေ့သောကြောင့် လူများစွာတို့သည် ကိုယ်တော်ကို ယုံကြည်လာကြ၏။
သူသည် ညအခါ ယေရှုထံသို့ လာပြီးလျှင် “ဆရာတော်… ဘုရားသခင်အတူရှိတော်မမူလျှင် ဆရာတော်ပြုသောနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်သည်ကို ထောက်၍ ဆရာတော်သည် ဘုရားသခင်ထံတော်မှ ကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်ပြုတော်မူသော နိမိတ်လက္ခဏာများကိုထောက်ရှု၍ ဘုရားသခင်သည် ဆရာတော်နှင့်အတူရှိတော်မူသည့် သက်သေထင်ရှားပါ၏” ဟု လျှောက်လေ၏။
ဤနိမိတ်လက္ခဏာသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွလာတော်မူပြီးနောက် ယေရှုပြုတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်၏။