အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 4:38 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​စိုက်ပျိုး​မထားသော လယ်​မှ သီးနှံများ​ကို ရိတ်သိမ်း​ရန် သင်တို့​ကို ငါ​စေလွှတ်ပြီ။ အခြား​သူတို့​သည် စိုက်ပျိုး​ထားကြပြီး သင်တို့​မှာ ထို​သူတို့​စိုက်ပျိုးထားသော​သီးနှံတို့​ကို ရိတ်သိမ်းရ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​မ​စိုက်​မ​ပျိုး​သည့်​လယ်​မှ​အ​သီး အ​နှံ​များ​ကို​ရိတ်​သိမ်း​ရန်​သင်​တို့​အား​ငါ စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​က​စိုက်​ပျိုး လုပ်​ဆောင်​ကြ​၍ သင်​တို့​က​အ​ကျိုး​ကို​ခံ​စား ကြ​ရ​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သင်တို့မလုပ်မကိုင်သောအရာကို ရိတ်သိမ်းကြရန်ငါစေလွှတ်လိုက်၏။ သူတစ်ထူးတို့လုပ်ကိုင်ကြပြီ။ ၎င်းတို့လုပ်ငန်းသို့ သင်တို့ဝင်စားရကြသည်ဟုမိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သည် လယ်​မ​လုပ်​သော​အ​ရပ်၌ စ​ပါး​ရိတ်​စေ​ခြင်း​ငှာ သင်​တို့​ကို​ငါ​စေ​လွှတ်၏။ အ​ခြား​သော သူ​တို့​သည် လယ်​လုပ်​ကြ၍၊ သင်​တို့​သည် ထို​သူ​တို့၏ အ​လုပ်​ထဲ​သို့ ဝင်​ရ​ကြ၏​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​လုပ်အား​မ​စိုက်​ခဲ့​သော​အရာ​ကို ရိတ်သိမ်း​ရန် သင်​တို့​အား ငါ​စေလွှတ်​၏။ အခြား​သော​သူ​တို့​သည် လုပ်အား​စိုက်​ခဲ့​၍ သင်​တို့​သည် ထို​သူ​တို့​၏​အားစိုက်​မှု​ရလဒ်​၌ ပါဝင်​ရ​ကြ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

သင်​တို့​သည် လယ်​မ​လုပ်​သော​အ​ရပ်၌ စ​ပါး​ရိတ်​စေ​ခြင်း​ငှာ သင်​တို့​ကို​ငါ​စေ​လွှတ်၏။ အ​ခြား​သော သူ​တို့​သည် လယ်​လုပ်​ကြ၍၊ သင်​တို့​သည် ထို​သူ​တို့၏ အ​လုပ်​ထဲ​သို့ ဝင်​ရ​ကြ၏​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 4:38
20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် ကောင်းကင်​နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။


သူ​သည် အလင်းရှင်​အကြောင်း​ကို သက်သေခံ​ရန် လာ၏။ ဤသို့ သက်သေခံခြင်း​မှာ လူအပေါင်းတို့​သည် ထို​အလင်းရှင်​ကို ယုံကြည်လာ​စေရန်​ဖြစ်၏။


ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤ​လောက​သို့ စေလွှတ်​သကဲ့သို့ အကျွန်ုပ်​သည်လည်း သူတို့​ကို ဤ​လောက​သို့ စေလွှတ်ပါ၏။


‘တစ်ဦး​က စိုက်ပျိုး​၍ တစ်ဦး​က ရိတ်သိမ်း၏’ ဟူသော ဆိုရိုးစကား​သည် အမှန်​ဖြစ်၏။


ရှမာရိ​အမျိုးသမီး​က “သူ​သည် ကျွန်မ​ပြုခဲ့သမျှ​ကို အကုန်အစင်​ဖော်ပြနိုင်သော​သူ​ဖြစ်၏” ဟု ဆို​သဖြင့် ထို​မြို့​၌ နေသော ရှမာရိလူမျိုး​များစွာ​သည် ယေရှု​ကို ယုံကြည်လာကြ၏။


ပေတရု​၏​ဟောပြော​သွန်သင်ချက်​ကို လက်ခံယုံကြည်သော​သူတို့​သည် နှစ်ခြင်းမင်္ဂလာ​ခံယူကြ​သဖြင့် ထို​နေ့​၌ ယုံကြည်သည့်​လူဦးရေ​သုံးထောင်​ခန့် တိုးပွားလာ၏။


ယခု​အခါ​၌ ယုံကြည်သော​သူ​ရှိသမျှတို့​သည် တစ်စိတ်တစ်ဝမ်းတည်း​ရှိကြ​သဖြင့် မည်သူ​မျှ မိမိ​ဥစ္စာပစ္စည်းများ​ကို မိမိ​ပိုင်သည်​ဟု မဆိုဘဲ ရှိသမျှ​ဥစ္စာတို့​ကို မျှဝေ​အသုံးပြုကြ၏။


သို့သော်လည်း တရားစကား​ကို ကြားသော​လူ​များစွာတို့​သည် ယုံကြည်လာကြပြီး ယခင်​ယုံကြည်သော​သူများ​အပါအဝင် အမျိုးသား​အရေအတွက် ငါးထောင်​ခန့်​အထိ ရှိလာ၏။


ဘုရားသခင်​ကို​ယုံကြည်သော အမျိုးသား၊ အမျိုးသမီးတို့​၏​အရေအတွက်​သည် အလွန်​များပြားလာကြ၏။


ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​သည် ဆက်လက်​ပြန့်ပွား​သဖြင့် တပည့်တော်တို့​၏​အရေအတွက်​သည် ဂျေရုဆလင်မြို့​၌ အလွန်​တိုးပွား​၍ ယဇ်ပုရောဟိတ်​အများအပြား​သည်လည်း ယုံကြည်သက်ဝင်ကြ၏။


ကျွန်ုပ်တို့​သည် မိမိတို့​၏ လုပ်ဆောင်မှု​အတိုင်းအတာ​ကို ကျော်လွန်​၍ အခြားသူတို့​လုပ်ဆောင်ခဲ့သော​အရာ​အပေါ် မကြွားဝါတတ်။ သင်တို့​၏ ယုံကြည်ခြင်း​အားကြီးလာသည်​နှင့်အမျှ ကျွန်ုပ်တို့​၏ လုပ်ငန်း​နယ်ပယ်​ကို သင်တို့​အကြား ပိုမို​တိုးချဲ့​နိုင်ရန် မျှော်လင့်၏။