ယေရှုသည် ထိုတပ်မှူး၏ စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့ လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါအမှန်ဆို၏။ ထိုကဲ့သို့ ယုံကြည်ခြင်းရှိသောသူတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးသေး။
ရှင်ယောဟန် 4:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ တပည့်တော်တို့သည် ပြန်ရောက်လာကြ၏။ ယေရှုသည် အမျိုးသမီးတစ်ဦးနှင့် စကားပြောတော်မူသည်ကို တပည့်တော်တို့မြင်သောအခါ အံ့သြကြ၏။ သို့သော်လည်း “မည်သည့်အရာ အလိုရှိတော်မူသနည်း” သို့မဟုတ် “အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် ပြောဆိုတော်မူသနည်း” ဟူ၍ မည်သူမျှ မမေးဝံ့ကြပေ။ Common Language Bible ထိုအချိန်၌တပည့်တော်တို့ပြန်ရောက်လာ ကြ၏။ သူတို့သည်အမျိုးသမီးနှင့်ကိုယ်တော် စကားပြောလျက်နေသည်ကိုတွေ့ရသဖြင့် အံ့သြကြ၏။ သို့ရာတွင်အမျိုးသမီးအား ``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟူ၍လည်းကောင်း၊ ကိုယ်တော်အား ``အဘယ် ကြောင့်ထိုအမျိုးသမီးနှင့်စကားပြော လျက်နေတော်မူပါသနည်း'' ဟူ၍လည်း ကောင်းအဘယ်သူမှမမေးလျှောက်ကြ။ Garrad Bible ထိုအခါ တပည့်တော်တို့ ပြန်ရောက်ရာ မိန်းမတစ်ယောက်နှင့်ပြောဆိုတော်မူသည်ကို အံ့သြကြသော်လည်း၊ မည်သည့်အလိုတော် မည်သည့်အကြောင်းကြောင့် ထို မိန်းမနှင့်ပြောဆိုတော်မူကြောင်းများကို မည်သူမျှမမေးမလျောက်ဝံ့ချေ။ Judson Bible ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် တပည့်တော်တို့သည်ပြန်လာ၍ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောလျက်နေတော်မူသည်ကို အံ့သြကြ၏။ သို့သော် “မည်သည့်အလိုရှိတော်မူသနည်း”ဟူ၍လည်းကောင်း၊ “အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောလျက်နေတော်မူသနည်း”ဟူ၍လည်းကောင်း မည်သူမျှ မမေးလျှောက်ကြချေ။ မြန်မာ ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။- |
ယေရှုသည် ထိုတပ်မှူး၏ စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့ လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါအမှန်ဆို၏။ ထိုကဲ့သို့ ယုံကြည်ခြင်းရှိသောသူတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးသေး။
ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။