လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
ရှင်ယောဟန် 4:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမျိုးသမီးက “သခင်သည် ပရောဖက်တစ်ပါးဖြစ်ပေမည်။ Common Language Bible အမျိုးသမီးက ``အရှင်သည်ပရောဖက် ဖြစ်တော်မူကြောင်းကိုကျွန်မသိမြင်နိုင် ပါ၏။- Garrad Bible ထိုမိန်းမက၊ အရှင်၊ ကိုယ်တော်သည်ပရောဖက်ဖြစ်မှန်းကျွန်မသိပါပြီ။ Judson Bible ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးကလည်း “အရှင်၊ အရှင်သည် ပရောဖက်ဖြစ်သည်ကို ကျွန်မရိပ်မိပါ၏။ မြန်မာ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။- |
လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
ထိုအခါ ယေရှုက “မည်သည့်အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။ ထိုသူတို့က “နာဇရက်မြို့သားယေရှုဆိုသောသူ၏အကြောင်းအရာများဖြစ်၏။ ထိုသူသည် ဘုရားရှေ့၊ လူရှေ့တွင် အံ့ဖွယ်တန်ခိုးလက္ခဏာကိုပြု၍ နှုတ်သတ္တိရှိသော ပရောဖက်တစ်ပါးဖြစ်၏။
လူအပေါင်းတို့သည်လည်း အံ့သြထိတ်လန့်၍ “ငါတို့အထဲတွင် ထူဆန်းသောပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအား အကူအညီပေးတော်မူရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။
အမှန်တွင် သင်၌ ခင်ပွန်းငါးယောက် ရှိခဲ့ဖူးပြီ။ ယခု သင်နှင့် နေသောသူသည် သင်၏ခင်ပွန်း မဟုတ်။ ထို့ကြောင့် သင်သည် မှန်ကန်စွာ ပြောပြီ” ဟု မိန့်တော်မူ၏။
“ကျွန်မပြုခဲ့သမျှကို အကုန်အစင်ဖော်ပြနိုင်သောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်မည်လော” ဟု လူတို့အား ပြောလေ၏။
ဤသို့ ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို မြင်သောလူတို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။
ဤစကားတော်များကို ကြားသော် လူထုထဲမှတချို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက်ဖြစ်သည်” ဟု ပြောဆိုကြ၏။
ဖာရိရှဲတို့က ထိုမျက်မမြင်ဖြစ်ခဲ့ဖူးသူအား “သင့်ကို မျက်စိမြင်အောင် သူသည် ပြုခဲ့သည်ဖြစ်၍ သင်ပြောလော့။ သူသည် မည်သို့သောသူ ဖြစ်မည်နည်း” ဟု ထပ်မံ၍ မေးကြ၏။ ထိုသူကလည်း “သူသည် ပရောဖက်တစ်ပါး ဖြစ်သည်” ဟု ဖြေလေ၏။