ညနေခင်းရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသောအရပ်ဖြစ်ပြီး မိုးလည်းချုပ်ပါတော့မည်။ လူတို့သည် မြို့ရွာများသို့ သွား၍ စားစရာများဝယ်ယူနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
ရှင်ယောဟန် 21:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “မိတ်ဆွေတို့… ငါးရကြသလော” ဟု မေးတော်မူလျှင် တပည့်တော်တို့က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။ Common Language Bible ကိုယ်တော်က ``အမောင်တို့၊ ငါးမိကြပါ၏ လော'' ဟုမေးတော်မူ၏။ သူတို့က ``မမိပါ'' ဟုလျှောက်ထားကြ၏။ Garrad Bible ထိုအခါယေရှုက အမောင်တို့၊ ငါးမရလောဟုမေးတော်မူလျှင် မရဟုပြန်ဆိုကြသော်၊ Judson Bible ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“ချစ်သားတို့၊ သားငါးတစ်စုံတစ်ရာရှိသလော”ဟု သူတို့အားမေးတော်မူလျှင် သူတို့က “မရှိပါ”ဟု ပြန်ပြောကြ၏။ မြန်မာ ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။- |
ညနေခင်းရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသောအရပ်ဖြစ်ပြီး မိုးလည်းချုပ်ပါတော့မည်။ လူတို့သည် မြို့ရွာများသို့ သွား၍ စားစရာများဝယ်ယူနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
ငါးကလေးအနည်းငယ်လည်း ရှိသဖြင့် ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် တပည့်တော်တို့အား ပေးဝေစေ၏။
ကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏ ဘုန်းကြီးသောကြွယ်ဝမှုအတိုင်း ယေရှုခရစ်တော် ပြုတော်မူသောအမှုကြောင့် သင်တို့လိုအပ်သမျှသောအရာတို့ကို သင်တို့အား ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
အသက်ရှင်နေထိုင်ရာတွင် ငွေမမက်ဘဲ ရှိသည့်အရာနှင့် ရောင့်ရဲလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က “ငါသည် သင်တို့ကို မည်သည့်အခါမျှ ထားခဲ့မည်မဟုတ်။ မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်” ဟု မိန့်တော်မူခဲ့သောကြောင့်ဖြစ်၏။
ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။
သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။