ရှင်ယောဟန် 21:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် မုန့်နှင့် ငါးကို တပည့်တော်တို့အား ဝေပေးတော်မူ၏။ Common Language Bible သခင်ယေရှုသည်သူတို့ရှိရာသို့ကြွတော်မူ ၍မုန့်ကိုယူပြီးလျှင်သူတို့အားပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပေးတော်မူ၏။ Garrad Bible ယေရှုသည်မုန့်ကိုသွားယူ၍ တပည့်တော်တို့အားပေးကမ်းပြီးလျှင် ငါးကိုလည်းပေးကမ်းတော်မူ၏။ Judson Bible ယေရှုသည် လာ၍မုန့်နှင့် ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည်လာ၍ မုန့်ကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းတူပေးတော်မူ၏။ မြန်မာ ယေရှုသည် လာ၍မုန့်နှင့် ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။- |
သူတို့သည် ကုန်းပေါ်သို့ ရောက်ကြသောအခါ မုန့်ကိုလည်းကောင်း၊ မီးခဲပေါ်တွင် ကင်ထားသောငါးကိုလည်းကောင်း တွေ့ကြ၏။
ထို့နောက် ယေရှုသည် မုန့်ကို ယူ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် လူတို့ကို ဝေတော်မူ၏။ ထိုနည်းတူ ငါးတို့ကိုလည်း လူတို့ အလိုရှိသမျှ ဝေတော်မူ၏။
“မုယောမုန့် ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ယူလာသည့် ကလေးငယ်တစ်ဦးရှိပါ၏။ သို့သော်လည်း ဤလူအုပ်ကြီးအတွက် ထိုမုန့်နှင့်ငါးသည် မည်သို့လုံလောက်ပါမည်နည်း” ဟု လျှောက်လေ၏။
သို့ရာတွင် လူအပေါင်းတို့ထံ၌ ကိုယ်ထင်ပြစေတော်မူသည်မဟုတ်။ ဘုရားသခင်ကိုယ်တိုင် သက်သေများအဖြစ် ကြိုတင်ရွေးချယ်ထားသော ကျွန်ုပ်တို့ထံ၌သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှုခရစ်တော် သေခြင်းမှ ထမြောက်တော်မူပြီးနောက် ကျွန်ုပ်တို့သည်လည်း ထိုသခင်နှင့်အတူ စားသောက်ကြ၏။