အမျိုးသမီးတို့သည် ကြောက်လန့်ကြသော်လည်း အလွန်ဝမ်းသာ၍ သင်္ချိုင်းဂူမှ အမြန်ထွက်လာကြ၏။ ထို့နောက် ကောင်းကင်တမန်၏ စကားကို တပည့်တော်တို့အား ပြောပြရန် ပြေးသွားကြ၏။
ရှင်ယောဟန် 20:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့နှုတ်ဆက်တော်မူပြီးနောက် မိမိလက်တော်နှင့် နံဘေးတော်တွင် ရရှိခဲ့သော ဒဏ်ရာများကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားကို တွေ့မြင်သောအခါ ဝမ်းမြောက်ကြ၏။ Common Language Bible သို့မိန့်တော်မူပြီးနောက်ကိုယ်တော်၏လက်တော် များနှင့်နံတော်ကိုတပည့်တော်တို့အားပြ တော်မူ၏။ တပည့်တော်တို့သည်သခင်ဘုရား ကိုတွေ့မြင်ရသောအခါဝမ်းမြောက်ကြ၏။- Garrad Bible လက်တော်များနှင့်နံဘေးတော်ကိုပြတော်မူသော် အရှင်ဘုရားကိုတပည့်တော်တို့မြင်ရ၍ ဝမ်းမြောက်ကြ၏။ Judson Bible ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မိန့်တော်မူပြီးနောက် လက်တော်နှင့်နံဘေးတော်တို့ကို သူတို့အားပြတော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားကိုမြင်ရသောအခါ ဝမ်းမြောက်ကြ၏။ မြန်မာ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။- |
အမျိုးသမီးတို့သည် ကြောက်လန့်ကြသော်လည်း အလွန်ဝမ်းသာ၍ သင်္ချိုင်းဂူမှ အမြန်ထွက်လာကြ၏။ ထို့နောက် ကောင်းကင်တမန်၏ စကားကို တပည့်တော်တို့အား ပြောပြရန် ပြေးသွားကြ၏။
သင်တို့အား ငါအမှန်ဆိုရလျှင် ငါ၌ ဖြစ်ပျက်လာမည့်အရာကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ သို့သော် လောကီသားတို့မှာမူ ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့သည် ဝမ်းနည်းပူဆွေးကြသော်လည်း ထိုဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
ထိုနည်းတူ သင်တို့သည် ယခုဝမ်းနည်းကြ၏။ သို့သော် ငါသည် သင်တို့နှင့် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကိုလည်း မည်သူကမျှ လုယူဖျက်ဆီး၍ မရနိုင်။
သို့သော်လည်း စစ်သားတစ်ဦးသည် ယေရှု၏နံဘေးတော်ကို လှံဖြင့် ထိုးရာ သွေးနှင့်ရေ စီးထွက်လာ၏။
ထို့ကြောင့် တပည့်တော်တို့က “ငါတို့သည် သခင့်ကို မြင်ကြရပြီ” ဟု သောမအား ပြောပြကြ၏။ သို့သော် သောမက “အရှင့်လက်တော်တို့၌ သံရိုက်ရာကို မမြင်ရ၊ ထိုသံရိုက်ရာကို လက်ညှိုးဖြင့်မတို့ရ၊ နံဘေးတော်ကို လက်ဖြင့် မစမ်းရလျှင် ငါမယုံ” ဟု ဆို၏။
ထို့နောက် ယေရှုသည် သောမအား “သင့်လက်ညှိုးဖြင့် ဤနေရာကို စမ်း၍ ငါ့လက်တို့ကို ကြည့်လော့။ သင့်လက်ဖြင့် ငါ့နံဘေးရှိ ဒဏ်ရာကိုလည်း စမ်းကြည့်လော့။ သံသယမဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။
အစဦးကပင် ရှိနေ၍ ကျွန်ုပ်တို့ကြားရသောအရာ၊ ကျွန်ုပ်တို့မျက်စိဖြင့် မြင်ရသောအရာ၊ ကျွန်ုပ်တို့ကြည့်ရှု၍ လက်ဖြင့် ထိတွေ့ခဲ့သောအရာဖြစ်သည့် အသက်တော်တည်းဟူသော နှုတ်ကပတ်တော်အကြောင်းကို သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်၏။