ရှင်ယောဟန် 2:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် “ဘုရားသခင်၏ အိမ်တော်ကို စွဲလမ်းစိတ်ပြင်းပြခြင်းသည် အကျွန်ုပ်ကို လောင်ကျွမ်းစေပါလိမ့်မည်” ဟူသော ကျမ်းစကားကို သတိရကြ၏။ Common Language Bible ထိုအခါတပည့်တော်တို့သည် ``ကိုယ်တော် ၏အိမ်တော်အပေါ်ချစ်ခင်တွယ်တာမှုသည် အကျွန်ုပ်၏ရင်အတွင်း၌မီးသဖွယ်ကျွမ်း လောင်လျက်ရှိပါ၏'' ဟူသောကျမ်းစကား ကိုသတိရကြ၏။ Garrad Bible ထိုအခါ ဗိမာန်တော့်အတွက်ထက်သန်ခြင်းစေတနာသည် အကျွန်ုပ်ကိုကျွမ်းလိမ့်မည် ဟူသောကျမ်းချက်ကို တပည့်တော်တို့သတိရကြ၏။ Judson Bible ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း “ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏”ဟု ကျမ်းစာ၌ရေးထားသည်ကို တပည့်တော်တို့သည် သတိရကြ၏။ မြန်မာ ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။ |
ထို့ကြောင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်တို့သည် ထိုစကားတော်ကို သတိရကြ၍ ကျမ်းစာတော်နှင့် ယေရှုမိန့်တော်မူခဲ့သည့် စကားတော်တို့ကို ယုံကြည်ကြ၏။