ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းခံရသောဓားပြများကလည်း ထိုနည်းတူ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။
ရှင်ယောဟန် 19:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာ၌ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားကြပြီး အခြားသူနှစ်ဦးကိုလည်း လက်ဝါးကပ်တိုင်တစ်ခုစီတွင် ရိုက်ထားကြ၏။ ယေရှုကို အလယ်၌ ထားကာ ထိုသူနှစ်ဦးကို ကိုယ်တော်၏ တစ်ဖက်စီတွင် ထားကြ၏။ Common Language Bible ထိုအရပ်မှာကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။ ကိုယ်တော်နှင့်အတူအခြား သူနှစ်ယောက်ကိုလည်းကိုယ်တော်၏လက်ယာ ဘက်တွင်တစ်ယောက် လက်ဝဲဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။ ကိုယ်တော်ကိုမူကားအလယ်တွင်ထား သတည်း။- Garrad Bible ဝဲယာတော်တွင် အခြားသူနှစ်ယောက်နှင့်တကွ အလယ်၌ယေရှုကိုကားတင်ကြ၏။ Judson Bible ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ဦးတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ ယေရှုကိုအလယ်၌ထား၍ ထိုသူနှစ်ဦးတို့ကို ကိုယ်တော်၏တစ်ဖက်တစ်ချက်စီ၌ထားကြ၏။ မြန်မာ ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။- |
ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းခံရသောဓားပြများကလည်း ထိုနည်းတူ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။
ဤသည်မှာ မိမိမည်သို့အသေခံရမည်ကို ကြိုတင်ဟောခဲ့သော ယေရှု၏စကားတော်အတိုင်း ဖြစ်ပျက်လာခြင်းဖြစ်၏။
ထို့နောက် စစ်သားများသည် လာ၍ ယေရှုနှင့်အတူ လက်ဝါးကပ်တိုင်တွင် အသတ်ခံရသောသူနှစ်ဦး၏ ခြေတို့ကို ချိုးကြ၏။
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။