ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ရှင်ယောဟန် 18:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဆုတောင်းတော်မူပြီးနောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချိုင့်ဝှမ်းကို ဖြတ်၍ တစ်ဖက်တွင် ရှိသောဥယျာဉ်သို့ ကြွတော်မူ၏။ Common Language Bible ဤသို့ဆုတောင်းတော်မူပြီးနောက်ကိုယ်တော် သည်တပည့်တော်တို့နှင့်အတူကြွတော်မူ၍ ကေဒြုန်ချောင်းကိုကူးတော်မူ၏။ ထိုအရပ် တွင်ဥယျာဉ်တစ်ခုရှိ၏။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ထိုဥယျာဉ်ထဲသို့ဝင် ကြ၏။- Garrad Bible ထိုသို့ ယေရှုလျှောက်ဆိုတော်မူပြီးသော် တပည့်တော်တို့နှင့်တကွထွက်၍ ကေဒြုန်ချောင်းတစ်ဘက်ရှိ ဥယျာဉ်သို့ကြွဝင်တော်မူ၏။ Judson Bible ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။ မြန်မာ ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- |
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ဂေသရှေမန်အမည်ရှိသော အရပ်သို့ ရောက်တော်မူ၏။ ယေရှုက “ငါဆုတောင်းနေစဉ် သင်တို့ဤနေရာတွင် ထိုင်စောင့်နေကြလော့” ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင်
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ထို့နောက် ယေရှုနှင့် တပည့်တော်တို့သည် ဂေသရှေမန်အမည်ရှိသော အရပ်သို့ ရောက်တော်မူ၏။ ယေရှုက တပည့်တော်တို့အား “ငါဆုတောင်းနေစဉ် ဤနေရာ၌ သင်တို့ထိုင်နေကြလော့” ဟု မိန့်တော်မူပြီးလျှင်
ငါသည် ခမည်းတော်ကိုချစ်ကြောင်း လောကီသားတို့သိစေရန် ခမည်းတော်မှာကြားတော်မူသည့်အတိုင်း ဆောင်ရွက်မည်။ လာကြ၊ သွားကြစို့” ဟု မိန့်တော်မူ၏။
သို့ရာတွင် ပေတရုခုတ်သဖြင့် နားရွက်ပြတ်သွားသူနှင့် ဆွေမျိုးတော်စပ်သည့် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ဦးက “သင့်ကို ယေရှုနှင့်အတူ ဥယျာဉ်ထဲတွင် ငါတွေ့မြင်ခဲ့သည် မဟုတ်လော” ဟု ပေတရုကို ဆို၏။
ကျွန်ုပ်တို့ထံ လာရောက်လည်ပတ်၏။ ထိုသူသည် ပေါလု၏ခါးပတ်ကိုယူ၍ မိမိလက်နှင့် ခြေကို တုပ်နှောင်ပြီးမှ “သန့်ရှင်းသောဝိညာဉ်တော်က ‘ဂျူးတို့သည် ဤခါးပတ်ပိုင်ရှင်ကို ဂျေရုဆလင်မြို့၌ ဤကဲ့သို့ချုပ်နှောင်၍ လူမျိုးခြားတို့၏လက်သို့ အပ်နှံကြလိမ့်မည်’ ဟု မိန့်တော်မူသည်” ဟူ၍ ပြောလေ၏။