သင်တို့အား ငါအမှန်ဆို၏။ ထိုသို့ငါသွားရခြင်းသည် သင်တို့အတွက် အကျိုးရှိ၏။ ငါမသွားလျှင် ကူညီမစမည့်အရှင်သည် ကြွလာမည်မဟုတ်။ ငါသွားလျှင် ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
ရှင်ယောဟန် 16:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်ကြွလာသောအခါ လောကီသားတို့အား အပြစ်ကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ တရားစီရင်ခြင်းကိုလည်းကောင်း ရှင်းလင်းစွာ ဖော်ပြတော်မူလိမ့်မည်။ Common Language Bible ထိုအရှင်ကြွလာတော်မူသောအခါလောက သားတို့အားအပြစ်အကြောင်းကိုလည်းကောင်း၊ အမှန်တရားအကြောင်းကိုလည်းကောင်း၊ တရား စီရင်တော်မူခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်းစွာဖော်ပြတော်မူပေအံ့။- Garrad Bible ထိုအရှင်သည် ကြွရောက်သည့်ကာလ ဤလောကသားတို့ကိုပြစ်မှားခြင်း၊ ဖြောင့်မတ်ခြင်း၊ စီရင်ဆုံးဖြတ်ခြင်းများကြောင့်၊ ယူကျုံးမရဖြစ်စေတော်မူမည်မှာ၊ Judson Bible ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအရှင်ရောက်လာသောအခါ လောကီသားတို့အား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းနှင့် တရားစီရင်ခြင်းအကြောင်းတို့ကို ဖော်ပြမည်။ မြန်မာ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။- |
သင်တို့အား ငါအမှန်ဆို၏။ ထိုသို့ငါသွားရခြင်းသည် သင်တို့အတွက် အကျိုးရှိ၏။ ငါမသွားလျှင် ကူညီမစမည့်အရှင်သည် ကြွလာမည်မဟုတ်။ ငါသွားလျှင် ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
သင်တို့အထဲမှ မည်သူသည် ငါ့ထံတွင် အပြစ်ရှိသည်ဟု စွပ်စွဲမည်နည်း။ ငါသည် သမ္မာတရားကို ပြောဆိုနေသည်မှန်လျှင် အဘယ်ကြောင့် သင်တို့မယုံကြည်ကြသနည်း။
ထိုသူတို့သည် ယေရှု၏ စကားတော်ကို ကြားသောအခါ အသက်ကြီးသူများက အစပြု၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှုသာလျှင် ထိုနေရာ၌ရပ်နေသော ထိုအမျိုးသမီးနှင့် ကျန်ရစ်တော်မူ၏။
သူတို့သည် ထိုဟောပြောချက်ကို ကြားသောအခါ စိတ်နှလုံးကြေကွဲ၍ ပေတရုနှင့် အခြားတမန်တော်များအား “ညီအစ်ကိုတို့… ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။
သို့သော် သင်တို့ရှိသမျှသည် ပရောဖက်ပြုဟောပြောနေကြစဉ် အကျွမ်းတဝင်မရှိသေးသောသူများနှင့် မယုံကြည်သူများ ဝင်လာလျှင် သင်တို့၏ဟောပြောချက်အားဖြင့် သူတို့က မိမိတို့သည် အပြစ်ရှိသူများဖြစ်ကြောင်းနှင့် စစ်ဆေးစီရင်ခြင်းကို ခံရမည်ဖြစ်ကြောင်း သိမြင်လာကြလိမ့်မည်။
လူအပေါင်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဘုရားတရားမဲ့သောသူတို့၏ ဘုရားတရားမဲ့သောအပြုအမူတိုင်းအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ကြမ်းတမ်းစွာ ပြောဆိုခြင်းအတွက်လည်းကောင်း ပြစ်ဒဏ်စီရင်တော်မူရန်ဖြစ်သည်” ဟူ၍ ပရောဖက်ပြုဟောပြောခဲ့၏။