ထို့ကြောင့် ဤသို့ ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။
ရှင်ယောဟန် 16:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုအချိန်ထိ သင်တို့သည် ငါ့နာမကို အမှီပြု၍ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့ အပြည့်အဝဝမ်းမြောက်နိုင်ရန် တောင်းကြလော့။ တောင်းလျှင် တောင်းသည့်အတိုင်း ရကြလိမ့်မည်။ Common Language Bible ယခုအချိန်တိုင်အောင်သင်တို့သည်ငါ၏ နာမကိုအမှီပြု၍အဘယ်အရာကိုမျှ မတောင်းမလျှောက်ကြရသေး။ ဝမ်းမြောက်ခြင်း အပြည့်အဝရရှိနိုင်ရန်တောင်းလျှောက်ကြ လော့။ သင်တို့တောင်းလျှောက်သည့်အတိုင်းရရှိ ကြလိမ့်မည်။'' Garrad Bible ယခုတိုင် ငါ့နာမ၌မတောင်းမလျှောက်ကြသေး။ သင်တို့ဝမ်းမြောက်ခြင်းပြည့်စုံရန် တောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။ Judson Bible ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ယခုတိုင်အောင် ငါ့နာမ၌ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ မြန်မာ ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။ |
ထို့ကြောင့် ဤသို့ ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။
ယေရှုက “သင်တို့စိတ်မပူပန်ကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။
သင်တို့သည် ငါ့အမည်နာမကို အမှီပြု၍ မည်သည့်အရာကိုမဆို တောင်းလျှင် တောင်းသည့်အတိုင်း ငါပေးမည်။
ငါ၏ဝမ်းမြောက်ခြင်းကို သင်တို့ခံစားရ၍ အပြည့်အဝဝမ်းမြောက်နိုင်စေရန် ဤစကားကို ငါပြော၏။
ထိုအချိန်၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့ကို မေးမြန်းကြလိမ့်မည်မဟုတ်။ ငါအမှန်ဆိုရလျှင် သင်တို့သည် ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ တောင်းသမျှကို ခမည်းတော်သည် ပေးတော်မူလိမ့်မည်။
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်သည် သင်တို့ထံ ရေးစရာများစွာ ရှိသော်လည်း စက္ကူပေါ်၌ မင်နှင့် မရေးလို။ ထိုအစား ကျွန်ုပ်တို့အပြည့်အဝဝမ်းမြောက်နိုင်ရန် သင်တို့ထံသို့ လာ၍ မျက်နှာချင်းဆိုင် စကားပြောရန် ကျွန်ုပ်မျှော်လင့်ထား၏။