ငါလုပ်ဆောင်ပါက ငါ့ကို မယုံသော်လည်း ငါလုပ်ဆောင်ခဲ့သောအမှုတော်တို့ကို ယုံလော့။ ထိုသို့ ယုံကြည်လျှင် ခမည်းတော်သည် ငါ၌ တည်တော်မူသည်ကိုလည်းကောင်း၊ ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 12:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့ မယုံကြည်နိုင်သည့် အကြောင်းရင်းမှာ ဟေရှာယက Common Language Bible ထိုမှတစ်ပါးလည်းဟေရှာယက၊ ``သူတို့၏မျက်စိများသည်မြင်နိုင်၍ သူတို့၏ စိတ်နှလုံးသည်သိနားလည်နိုင်ပါမူ၊ ထိုသူတို့သည်မိမိတို့၏အနာရောဂါပျောက်ကင်း စိမ့်သောငှာစိတ်ပြောင်းလဲကြလိမ့်မည်။ သို့ဖြစ်၍သူတို့မျက်စိအလင်းကိုငါကွယ်စေ လျက် သူတို့စိတ်နှလုံးကိုလည်း၊လေးလံထိုင်းမှိုင်း စေတော်မူ၏ဟုဘုရားသခင်မိန့်တော်မူ၏'' ဟူ၍မြွက်ဆိုပြန်သည့်အတိုင်းထိုသူတို့ မှာယုံကြည်နိုင်စွမ်းမရှိကြ။ Garrad Bible သို့ဖြစ်၍သူတို့သည်မျက်စိနှင့်မြင်ခွင့်၊ စိတ်နှလုံးနှင့်နားလည်ခွင့်ရလျက် ငါ့ထံမှချမ်းသာရရန်ပြန်လာခွင့်မရှိစေခြင်းငှါ သူတို့မျက်စိကိုကန်းစေ၍ စိတ်နှလုံးကိုလည်း ခဲယဉ်းစေတော်မူလေပြီဟု ဟေရှာယဆင့်ဆိုပြန်သည်နှင့်အညီ သူတို့မယုံနိုင်ကြချေ။ Judson Bible တစ်ဖန် ပရောဖက်ဟေရှာယဟောပြန်သည်ကား၊- မြန်မာ့စံမီသမ္မာကျမ်း သူတို့မယုံကြည်နိုင်သည့်အကြောင်းမှာ ဟေရှာယက မြန်မာ တစ်ဖန် ပရောဖက်ဟေရှာယဟောပြန်သည်ကား၊- |
ငါလုပ်ဆောင်ပါက ငါ့ကို မယုံသော်လည်း ငါလုပ်ဆောင်ခဲ့သောအမှုတော်တို့ကို ယုံလော့။ ထိုသို့ ယုံကြည်လျှင် ခမည်းတော်သည် ငါ၌ တည်တော်မူသည်ကိုလည်းကောင်း၊ ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ဤအရာသည် ပရောဖက်ဟေရှာယ ဟောပြောထားသည့်အတိုင်း ဖြစ်လာရန်ပင်ဖြစ်၏။ ထိုဟောပြောချက်မှာ “အို ထာဝရဘုရား… မည်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကို ယုံပါသနည်း။ အရှင်၏ တန်ခိုးတော်ကို မည်သူ့အား ဖော်ပြသနည်း” ဟူ၍ ဖြစ်၏။
“ဘုရားသခင်သည် သူတို့၏ မျက်စိကို ကွယ်စေ၍ စိတ်နှလုံးကို မာကျောစေတော်မူသဖြင့် သူတို့၏ မျက်စိသည် မမြင်နိုင်ကြ။ စိတ်ထဲ၌လည်း နားမလည်နိုင်ကြ။ သူတို့သည် ဘုရားသခင်ထံ ပြန်မလှည့်လာသောကြောင့် ဘုရားသခင်၏ကုသမှုကိုလည်း မခံယူနိုင်ကြ” ဟု ဟောပြောခဲ့ သောကြောင့်ဖြစ်၏။
သင်တို့သည် အချင်းချင်းဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်၏ ဂုဏ်ပြုချီးမြှောက်ခြင်းကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ဘဲနေသည်မှာ အံ့ဩစရာမရှိ။
ငါ့ကို စေလွှတ်တော်မူသောခမည်းတော် ဆွဲခေါ်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်။ ငါ့ထံသို့ လာသောသူကို နောက်ဆုံးသောနေ့တွင် သေရာမှ ငါထမြောက်စေမည်။
သူတို့၌ ဖောက်ပြန်လိုစိတ်နှင့် ပြည့်နှက်နေသောမျက်စိရှိ၍ အပြစ်မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း၌ တည်ငြိမ်ရင့်ကျက်မှုမရှိသေးသောသူတို့ကို ဆွဲဆောင်တတ်ကြ၏။ သူတို့သည် လောဘလွန်ကြူးရာတွင် ကျင်လည်၍ ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။