ဂျူးခေါင်းဆောင်တို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိမျိုးနွယ်များကို ဂျေရုဆလင်မြို့မှ ယောဟန်ထံသို့ စေလွှတ်၍ “သင်သည် မည်သူနည်း” ဟု မေးမြန်းစေ၏။ ထိုအခါ ယောဟန်က ဤသို့ သက်သေခံ၏။
ရှင်ယောဟန် 12:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် လာဇရုကို သင်္ချိုင်းမှ ခေါ်ထုတ်၍ သေရာမှ ပြန်ရှင်စေတော်မူသည်ကို တွေ့မြင်ခဲ့သောလူတို့သည် ထိုအကြောင်းကို အခြားသူတို့အား ပြောပြကြ၏။ Common Language Bible လာဇရုအားသင်္ချိုင်းဂူမှခေါ်ထုတ်၍ရှင်ပြန် စေတော်မူစဉ်အခါကနောက်တော်ပါပရိသတ် သည် အံ့ဖွယ်သောနိမိတ်လက္ခဏာအကြောင်းကို ပြန်ကြားကြသဖြင့် ကြားရသောလူအပေါင်း တို့သည်ကိုယ်တော်ကိုကြိုဆိုရန်လာကြ၏။ Garrad Bible လာဇရုကို သင်္ချိုင်းဂူမှခေါ်လျက် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေတော်မူသည့်ကာလ၊ နောက်တော်ပါလူပရိသတ်သည် ထိုအကြောင်းကိုသက်သေခံကြသည့်ပြင်၊ Judson Bible နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထမြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် လာဇရုကို သင်္ချိုင်းဂူမှခေါ်ထုတ်၍ သေသောသူတို့ထဲမှ ထမြောက်စေတော်မူစဉ်က ကိုယ်တော်နှင့်အတူရှိခဲ့သော လူထုပရိသတ်တို့သည် ထိုအကြောင်းကို သက်သေခံကြ၏။ မြန်မာ နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထမြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။- |
ဂျူးခေါင်းဆောင်တို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိမျိုးနွယ်များကို ဂျေရုဆလင်မြို့မှ ယောဟန်ထံသို့ စေလွှတ်၍ “သင်သည် မည်သူနည်း” ဟု မေးမြန်းစေ၏။ ထိုအခါ ယောဟန်က ဤသို့ သက်သေခံ၏။
ထို့နောက် ယောဟန်က “သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ကောင်းကင်မှ ဆင်းသက်၍ ထိုအရှင်အပေါ်၌ နားတော်မူသည်ကို ငါမြင်ရ၏။
မိန့်တော်မူသည့်အတိုင်း ဖြစ်ပျက်သည်ကို ငါမြင်သောကြောင့် ထိုအရှင်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ငါသက်သေခံသည်” ဟု ဆိုလေ၏။
မာရိကို နှစ်သိမ့်ရန် အိမ်၌ ရောက်ရှိနေကြသောဂျူးလူမျိုးတို့သည် မာရိအလျင်အမြန်ထ၍ ထွက်သွားသည်ကို တွေ့မြင်ကြ၏။ သူတို့က မာရိသည် လာဇရု၏ သင်္ချိုင်းသို့ သွား၍ ငိုကြွေးမည်ဟု ထင်မှတ်ကြ၏။ ထို့ကြောင့် သူတို့သည် မာရိနောက်သို့ လိုက်သွားကြ၏။
အဖသည် အကျွန်ုပ်တောင်းလျှောက်သမျှကို အစဉ်အမြဲနားဆင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့ရာတွင် ယခုကဲ့သို့ တောင်းလျှောက်ရခြင်းမှာ ဝန်းရံလျက်ရှိသော ဤလူတို့အတွက် ဖြစ်ပြီး အကျွန်ုပ်ကို အဖစေလွှတ်တော်မူကြောင်းကို သူတို့ယုံကြည်လာစေရန် ဖြစ်ပါသည်” ဟု မြွက်ဆိုတော်မူ၏။
ယေရှုကြွရောက်လာတော်မူသည့် သတင်းကို ကြားသောအခါ ဂျူးလူမျိုးများစွာသည် ကိုယ်တော်ကိုသာ မဟုတ်၊ ကိုယ်တော်က သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရုကိုပါ တွေ့မြင်လိုကြသဖြင့် ရောက်လာကြ၏။
သင်တို့သည်လည်း ယုံကြည်စေရန် ဤအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏ သက်သေခံချက်မှာ မှန်ကန်ပြီး သူသည်လည်း မိမိပြောသောစကား မှန်ကန်ကြောင်းကို သိ၏။
ထိုတပည့်တော်မှာ ဤအဖြစ်အပျက်များကို သက်သေခံ၍ မှတ်တမ်းတင်ရေးသားသူပင် ဖြစ်၏။ သူ၏ရေးသားချက်များမှန်ကန်ကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့သည် ထိုအကြောင်းအရာများ၏အသိသက်သေများဖြစ်ကြ၏။ ထိုအရှင်ကို နာခံသောသူတို့အား ဘုရားသခင်ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏” ဟူ၍ ပြန်ဖြေကြ၏။
ယောဟန်သည် မိမိမြင်သမျှအရာတို့ကို သက်သေခံ၏။ ထိုအရာတို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်တော်၏ သက်သေခံတော်မူချက်တို့ဖြစ်၏။