ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။
ရှင်ယောဟန် 11:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူသည် သေခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ငါ့စကားကို သင်ယုံကြည်သလော” ဟု မိန့်တော်မူ၏။ Common Language Bible ငါ့ကိုယုံကြည်၍ယခုအသက်ရှင်လျက်ရှိ သောသူသည်လည်း အဘယ်အခါမျှသေရ လိမ့်မည်မဟုတ်။ ငါ့စကားကိုသင်ယုံပါ သလော'' ဟုမေးတော်မူ၏။ Garrad Bible မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊ Judson Bible ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။- မြန်မာ့စံမီသမ္မာကျမ်း အသက်ရှင်နေလျက် ငါ့ကိုယုံကြည်သောသူတိုင်း ကာလအစဉ်အဆက် မည်သည့်အခါမျှမသေရ။ ဤအရာကို သင်ယုံကြည်သလော”ဟု မိန့်တော်မူ၏။ မြန်မာ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။- |
ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။
ယေရှုသည် အိမ်ထဲသို့ဝင်တော်မူသောအခါ မျက်မမြင်နှစ်ယောက်သည် ကိုယ်တော်ထံသို့ လာကြ၏။ ယေရှုက “ငါသည်သင်တို့ကို မြင်စေနိုင်မည်ဟု ယုံကြည်ကြသလော” ဟူ၍ မေးတော်မူ၏။ သူတို့က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။
ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
သူတို့အား ထာဝရအသက်ကို ငါပေးသဖြင့် သူတို့သည် သေခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ မည်သူမျှ သူတို့ကို ငါ့လက်မှ လုယူသွားနိုင်မည်မဟုတ်။
ငါသည် ခမည်းတော်၌ တည်၍ ခမည်းတော်သည် ငါ၌ တည်သည်ကို သင်မယုံသလော။ သင်တို့ကို ငါပြောသောစကားတို့သည် ငါ့ဆန္ဒအတိုင်း ပြောသောစကားများ မဟုတ်။ ငါ၌တည်သော ခမည်းတော်သည် သူ၏ အမှုတော်များကို ငါ့အားဖြင့် လုပ်ဆောင်တော်မူခြင်းသာ ဖြစ်၏။
ငါပေးသောရေကို သောက်သောသူမှာ မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ့အတွင်း၌ အစဉ်စီးထွက်သော စမ်းရေဖြစ်၍ သူ့ကို ထာဝရအသက်ရှင်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
ထိုသို့ နှင်ထုတ်သည့်အကြောင်းကို ယေရှုကြားသိပြီးနောက် ထိုသူကို တွေ့မြင်တော်မူသော် “သင်သည် လူသားကို ယုံကြည်သလော” ဟု မေးတော်မူ၏။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။