ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ရှင်ယောဟန် 11:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယခုလည်း သခင်တောင်းလျှောက်လျှင် တောင်းသမျှကို ဘုရားသခင်သည် ပေးတော်မူမည်ဖြစ်ကြောင်း ကျွန်မသိပါ၏” ဟု လျှောက်လေ၏။ Common Language Bible ယခုပင်လျှင်အရှင်တောင်းခံသမျှသော အရာတို့ကိုဘုရားသခင်ချပေးတော် မူမည်ကိုကျွန်မသိပါ၏'' ဟုသခင် ယေရှုအားလျှောက်၏။ Garrad Bible ယခုလည်း ဘုရားသခင့်ထံကိုယ်တော်တောင်းလျှောက်သမျှအတိုင်း ဘုရားသခင်သနားတော်မူမည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်သော်၊ Judson Bible ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်ထံ ကိုယ်တော်တောင်းလျှောက်သမျှသောအရာတို့ကို ကိုယ်တော်အား ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း ယခုလည်း ကျွန်မသိပါ၏”ဟု လျှောက်လေ၏။ မြန်မာ ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- |
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
ဘုရားသခင်သည် အပြစ်သားတို့၏ စကားကို နားထောင်တော်မမူကြောင်း ကျွန်ုပ်တို့သိကြ၏။ သို့သော် ဘုရားသခင်ကို ကိုးကွယ်၍ အလိုတော်ကို လိုက်နာသောသူ၏ စကားကိုမူ ဘုရားသခင်နားထောင်တော်မူ၏။