ထို့နောက် ယေရှုက “သင်တို့ ကြားနာရသည့်အရာကို အာရုံစိုက်ကြလော့။ သူတစ်ပါးကို ပေးသောစံနှုန်းနှင့်အညီ သင်တို့သည်လည်း ပြန်ရလိမ့်မည်။ ထိုထက်မက သင်တို့လက်ခံရရှိလိမ့်မည်။
ရှင်ယောဟန် 10:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးတို့သည် လူစိမ်း၏ အသံကို မသိသောကြောင့် လူစိမ်းနောက်သို့ မလိုက်ဘဲ ပြေးကြလိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible သိုးတို့သည်သူစိမ်း၏နောက်သို့မူလိုက်လိမ့်မည် မဟုတ်။ သူစိမ်း၏အသံကိုမသိသဖြင့်သူ့ ထံမှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သူစိမ်းတို့စကားသံကိုကားမသိသောကြောင့် သူစိမ်းနောက်မလိုက်ဘဲ ထွက်ပြေးကြလိမ့်မည်ဟု ပုံဆောင်၍ ယေရှုမိန့်တော်မူရာ၊ Judson Bible မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သူစိမ်းတို့၏အသံကိုမူ မသိကြသောကြောင့် သူစိမ်းနောက်သို့ မည်သည့်အခါမျှ မလိုက်သည်သာမက သူစိမ်းထံမှ ထွက်ပြေးတတ်ကြ၏”ဟု မိန့်တော်မူ၏။ မြန်မာ မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။ |
ထို့နောက် ယေရှုက “သင်တို့ ကြားနာရသည့်အရာကို အာရုံစိုက်ကြလော့။ သူတစ်ပါးကို ပေးသောစံနှုန်းနှင့်အညီ သင်တို့သည်လည်း ပြန်ရလိမ့်မည်။ ထိုထက်မက သင်တို့လက်ခံရရှိလိမ့်မည်။
ထို့နောက် သင်တို့သည် မည်သို့ကြားနာသည်ကို သတိပြုကြလော့။ ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
သူသည် မိမိသိုးတို့ကို ထုတ်ပြီးနောက် ရှေ့မှ သွားသောအခါ သိုးတို့သည် သူ၏ အသံကို သိသောကြောင့် သူ့နောက်သို့ လိုက်ကြ၏။
အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။
ထိုသူတို့သည် ကျွန်ုပ်တို့ထံမှ ထွက်သွားသော်လည်း ကျွန်ုပ်တို့နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့နှင့်သက်ဆိုင်လျှင် ကျွန်ုပ်တို့နှင့်အတူ နေရစ်လိမ့်မည်။ သို့သော် ထိုသို့ထွက်သွားခြင်းဖြင့် သူတို့အားလုံးသည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိ၏။
သမ္မာတရားကို သင်တို့မသိသောကြောင့် ကျွန်ုပ်ရေးလိုက်သည် မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ လိမ်လည်ခြင်းအမျိုးမျိုးသည် သမ္မာတရားနှင့် မသက်ဆိုင်သည်ကိုလည်းကောင်း သင်တို့သိသောကြောင့် ကျွန်ုပ်ရေးလိုက်ခြင်းဖြစ်၏။
သင်၏လုပ်ဆောင်မှု၊ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သင်၏သည်းခံမှုတို့ကို ငါသိ၏။ သင်သည် ဆိုးညစ်သူများကို လက်မခံကြောင်းကိုလည်း ငါသိ၏။ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကို ပိုင်းခြားစစ်ဆေး၍ အတုအယောင်များဖြစ်သည်ဟု ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။