သူ၏ အကြံပေးပုဂ္ဂိုလ်တို့အား “ဤသူသည် နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ သူသည် သေရာမှပြန်ရှင်ပြီ။ ထို့ကြောင့် သူသည် ထိုအံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ဆိုလေ၏။
ရှင်ယောဟန် 10:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူများစွာတို့သည် ယေရှုထံတော်သို့ ရောက်လာကြ၏။ သူတို့က “ယောဟန်သည် နိမိတ်လက္ခဏာများကို မပြုခဲ့ပါ။ သို့သော်လည်း ဤသူနှင့်ပတ်သက်၍ ယောဟန်ပြောခဲ့သမျှသည် မှန်ကန်၏” ဟု ပြောဆိုကြ၏။ Common Language Bible လူအများအပြားပင်အထံတော်သို့လာ ကြ၏။ သူတို့က ``ယောဟန်သည်အဘယ်အံ့ ဖွယ်နိမိတ်လက္ခဏာကိုမျှမပြခဲ့။ သို့ရာ တွင်ဤသူအကြောင်းနှင့်ပတ်သက်၍ယောဟန် ပြောသမျှမှန်ပေ၏'' ဟုဆိုကြ၏။- Garrad Bible အများတို့သည်ကိုယ်တော့်ထံရောက်လာ၍ ယောဟန်သည်မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြသည်မဟုတ်။ ဤသူနှင့်စပ်၍ ယောဟန်ဖော်ပြသမျှကား မှန်ပေသည်ဟုဆိုကြသည့်အတိုင်း၊ Judson Bible လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း လူများစွာတို့သည် ကိုယ်တော်ထံသို့ရောက်လာ၍ “ယောဟန်သည် မည်သည့်နိမိတ်လက္ခဏာကိုမျှ မပြုခဲ့သော်လည်း ဤသူနှင့်ပတ်သက်၍ သူပြောဆိုခဲ့သောအရာအားလုံးတို့သည် မှန်ပေ၏”ဟု ဆိုကြ၏။ မြန်မာ လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊- |
သူ၏ အကြံပေးပုဂ္ဂိုလ်တို့အား “ဤသူသည် နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ သူသည် သေရာမှပြန်ရှင်ပြီ။ ထို့ကြောင့် သူသည် ထိုအံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ဆိုလေ၏။
ထိုအချိန်အတွင်း ထောင်ပေါင်းများစွာသောလူတို့သည် စုဝေးလာကြ၍ တစ်ဦးအပေါ်တစ်ဦးပင် နင်းမိကြ၏။ ယေရှုသည် ဦးစွာ တပည့်တော်တို့အား “သူတော်ကောင်းယောင်ဆောင်ခြင်းဟူသောဖာရိရှဲတို့၏တဆေးကို သတိပြုကြလော့။
တစ်နေ့၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်တော်မူစဉ် လူထုပရိသတ်သည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာရန် ကိုယ်တော်ထံသို့ တိုးဝှေ့လာကြ၏။
ထိုအရှင်သည် ငါ့နောက်တွင် ကြွလာမည့်အရှင်ဖြစ်သော်လည်း ထိုအရှင်၏ ဖိနပ်ကြိုးကို ဖြေရန်ပင် ငါသည် မထိုက်တန်ပါ” ဟု ဆို၏။
ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။