ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ရှင်မာကု 9:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငရဲတွင် လောက်ကောင်သည်မသေ။ မီးသည်လည်း မငြိမ်းနိုင်။ Common Language Bible (လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲမီး ထဲသို့လက်နှစ်ဖက်အစုံအလင်နှင့်ကျရောက် ရသည်ထက်၊ လက်တစ်ဖက်ချို့တဲ့လျက်ထာဝရ အသက်ကိုရခြင်းကသာ၍ကောင်း၏။- Judson Bible ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့ လက်နှစ်ဖက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။- မြန်မာ့စံမီသမ္မာကျမ်း [ထိုနေရာတွင် လောက်ကောင်သည်မသေ၊ မီးလည်းမငြိမ်းပေ။] မြန်မာ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့ လက်နှစ်ဖက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။- |
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကို ကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု ဆိုလေ၏။
သင်၏ လက်သည် သင့်ကို အပြစ်ကျူးလွန်စေပါက ဖြတ်ပစ်လော့။ လက်အစုံနှင့် ထာဝရငရဲမီးထဲသို့ ချခံရခြင်းထက် လက်တစ်ဖက်နှင့် ထာဝရအသက်ရှင်ခွင့်ရခြင်းသည် ပို၍ကောင်း၏။
သင်၏ ခြေသည် သင့်ကို အပြစ်ကျူးလွန်စေပါက ဖြတ်ပစ်လော့။ ခြေအစုံနှင့် ထာဝရငရဲထဲသို့ ချခံရခြင်းထက် ခြေတစ်ဖက်နှင့် ထာဝရအသက်ရှင်ခွင့်ရခြင်းသည် ပို၍ကောင်း၏။
ထိုသူတို့သည် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်ကို ခံစားရခြင်းမှလည်းကောင်း ဖယ်ရှားခံရကာ ထာဝရပျက်စီးမည့် ပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
ဘုရားသခင်၏အမျက်တော်ဖလား ထဲ၌ ပြည့်လျှံစွာ လောင်းထည့်ထားသည့် အမျက်တော်စပျစ်ဝိုင်ကို သောက်ရမည်။ ထိုသူတို့သည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲ၌ ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။