အဘယ်ကြောင့်ဆိုသော် ယောဟန်ပေါ်ထွန်းလာသည့်အချိန်တိုင်အောင် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများသည် လက်ရှိအချိန်အကြောင်းကို ကြိုတင်ဟောပြောသောကြောင့်ဖြစ်၏။
ရှင်မာကု 9:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဧလိယနှင့် မောရှေတို့သည် ပေါ်လာ၍ ယေရှုနှင့် စကားပြောနေကြ၏။ Common Language Bible တပည့်တော်သုံးဦးတို့၏ရှေ့တွင် ဧလိယနှင့် မောရှေပေါ်လာ၍သခင်ယေရှုနှင့်စကား ပြောနေကြ၏။- Garrad Bible ဧ လိ ယ သည် မော ရှေ နှင့် တ ကွ ထင် ရှား၍ ယေ ရှု နှင့် တိုင် ပင် ကြ ရာ၊ Judson Bible မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဧလိယနှင့်မောရှေတို့သည်လည်း သူတို့ရှေ့တွင်ပေါ်လာ၍ ယေရှုနှင့်စကားပြောနေကြ၏။ မြန်မာ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။- |
အဘယ်ကြောင့်ဆိုသော် ယောဟန်ပေါ်ထွန်းလာသည့်အချိန်တိုင်အောင် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများသည် လက်ရှိအချိန်အကြောင်းကို ကြိုတင်ဟောပြောသောကြောင့်ဖြစ်၏။
အဝတ်တော်တို့သည် ကမ္ဘာလောကရှိ မည်သည့်ခဝါသည်မျှ ထိုသို့ ဖြူစေရန် မလျှော်ဖွပ်နိုင်လောက်အောင်ပင် အလွန်ဖြူဖွေးတောက်ပြောင်လာ၏။
ထိုအခါ ပေတရုက “ဆရာတော်… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်း၏။ သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်၊ တဲသုံးဆောင်ကို ဆောက်လုပ်ပါရစေ” ဟု လျှောက်လေ၏။
ထို့နောက် ယေရှုသည် မောရှေ၏ကျမ်းများမှစ၍ ပရောဖက်ကျမ်းများထဲမှ မိမိနှင့်ပတ်သက်သောကျမ်းပိုဒ်များ၏အနက်အဓိပ္ပာယ်တို့ကိုရှင်းပြတော်မူ၏။
ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်ဟု ဆိုကြ၏။ သို့သော် တချို့က ဧလိယဖြစ်သည်ဟု ဆိုကြ၍ တချို့က သေရာမှ ပြန်ရှင်လာသော ရှေးပရောဖက်တစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်” ဟု လျှောက်ကြ၏။
သင်တို့သည် ကျမ်းစာက ထာဝရအသက်ပေးသည်ဟု ထင်မှတ်၍ ကျမ်းစာကို လေ့လာတတ်ကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်း သက်သေခံ၏။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။