ကိုယ်တော်ရောက်တော်မူကြောင်းကို ဖာရိရှဲတို့သည် ကြားသောအခါ လာ၍ ကိုယ်တော်နှင့် ငြင်းခုံဆွေးနွေးကြ၏။ သူတို့သည် ကိုယ်တော်ကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။
ရှင်မာကု 9:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “မည်သည့်အကြောင်းအရာကို ဆွေးနွေးပြောဆိုနေကြသနည်း” ဟု မေးတော်မူ၏။ Common Language Bible ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့သည် ဤသူတို့နှင့်အဘယ်အကြောင်းအရာများကို အခြေအတင်ပြောဆိုနေကြသနည်း'' ဟုမေး တော်မူ၏။ Garrad Bible ကိုယ် တော် က ဘယ် အ ရာ ကို ဆွေး နွေး မေး မြန်း ကြ သ နည်း ဟု မေး တော် မူ လျှင်၊ Judson Bible ကိုယ်တော်ကလည်း၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာတို့ကို မေးတော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း တပည့်တော်တို့အား“သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်း”ဟု မေးတော်မူ၏။ မြန်မာ ကိုယ်တော်ကလည်း၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာတို့ကို မေးတော်မူလျှင်၊- |
ကိုယ်တော်ရောက်တော်မူကြောင်းကို ဖာရိရှဲတို့သည် ကြားသောအခါ လာ၍ ကိုယ်တော်နှင့် ငြင်းခုံဆွေးနွေးကြ၏။ သူတို့သည် ကိုယ်တော်ကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။
လူအပေါင်းတို့သည် ကိုယ်တော်ကို တွေ့မြင်ကြသောအခါ အံ့အားသင့်လျက် ချက်ချင်းပြေး၍ နှုတ်ဆက်ကြ၏။
လူထုပရိသတ်ထဲမှ တစ်ဦးက “ဆရာတော်… အကျွန်ုပ်၏သားကို ဆရာတော်ထံ ခေါ်ဆောင်လာပါ၏။ သူသည် ဆွံ့အသောနတ် ပူးဝင်ခြင်းခံနေရ၏။