Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 9:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 လူထု​ပရိသတ်​ထဲမှ တစ်ဦး​က “ဆရာတော်… အကျွန်ုပ်​၏​သား​ကို ဆရာတော်​ထံ ခေါ်ဆောင်လာပါ၏။ သူ​သည် ဆွံ့အသော​နတ် ပူးဝင်ခြင်း​ခံနေရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​မိ​မိ​၏​သား​ငယ်​ကို​အ​ထံ​တော် သို့​ခေါ်​ခဲ့​ပါ​သည်။ သူ​သည်​ဆွံ့​အ​သည့်​နတ် ပူး​ဝင်​နေ​သူ​ဖြစ်​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 လူ ပ ရိ သတ် ရှိ တစ် ယောက် သော သူ က ဆ ရာ နတ် အ ပူး သော သား ကို ဆ ရာ့ ထံ ကျွန် တော် ခေါ် လာ ပါ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထိုအခါ လူထု​ပရိသတ်​ထဲမှ​တစ်​ဦး​က “ဆရာ၊ ဆွံ့အ​သော​နတ်​ပူး​နေ​သည့် အကျွန်ုပ်​၏​သား​ကို ဆရာ့​ထံ​ခေါ်ဆောင်​လာ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

17 လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 9:17
12 ပူးပေါင်းရင်းမြစ်များ  

တစ်နေ့​တွင် ယေရှု​သည် လူတစ်ဦး​ထံမှ စကား​ဆွံ့အသော နတ်ဆိုး​ကို နှင်ထုတ်တော်မူ​သဖြင့် နတ်ဆိုး​ထွက်​သောအခါ ထို​သူ​သည် စကားပြောလေ၏။ လူထု​ပရိသတ်တို့​သည်လည်း အံ့သြကြ၏။


ယေရှု​က လူထု​ပရိသတ်တို့​သည် စုဝေး​လျက် ပြေးလာကြသည်​ကို မြင်​လျှင် “သူငယ်​ကို ဆွံ့အ​နားမကြားစေသော​နတ်… သူငယ်​ထံမှ​ထွက်လော့။ မည်သည့်အခါမျှ ပြန်​မဝင်နှင့်၊ ငါ​အမိန့်ပေး၏” ဟု နတ်ဆိုး​ကို ဆုံးမတော်မူ၏။


ယုဒပြည်​မှ ဂါလိလဲပြည်​သို့ ယေရှု​ကြွလာတော်မူကြောင်း​ကို ထို​အမတ် ကြား​သောအခါ ယေရှု​ထံတော်သို့ သွား​လျက် “အကျွန်ုပ်​၏​သား​သည် သေလုနီးပြီ။ ကပေရနောင်​သို့ ကြွ​၍ အကျွန်ုပ်​၏​သား​ကို ကုသပေးတော်မူပါ” ဟု တောင်းပန်လေ၏။


လူထု​ထဲမှ အမျိုးသား​တစ်ဦး​က “ဆရာတော်… အကျွန်ုပ်​၏​သား​ကို ကြည့်ရှုပေး​ရန် တောင်းပန်ပါ၏။ သူ​သည် အကျွန်ုပ်​၏​တစ်ဦးတည်းသော​သား ဖြစ်ပါ၏။


တစ်နေ့​တွင် အချို့​မိဘများ​သည် မိမိတို့​၏​သားသမီးများ​ကို ကိုယ်တော်​၏​လက်တော်​ဖြင့် တို့ထိ​၍ ကောင်းချီးပေးတော်မူ​စေရန် ကိုယ်တော်​ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့​သည် ထို​သူတို့​ကို ဟန့်တားကြ၏။


ထို့နောက် မိမိ​သမီး​ထံမှ နတ်ဆိုး​ကို နှင်ထုတ်ပေးတော်မူ​ရန် တောင်းပန်လေ၏။ ထို​အမျိုးသမီး​သည် ဂရိလူမျိုး၊ ဆီးရီးယား​ဖိုနီးရှား​ပြည်သူ​တစ်ဦး​ဖြစ်၏။


“အကျွန်ုပ်​၏ သမီးငယ်​သည် သေလုနီးပါး​ဖြစ်​နေပါ၏။ သူ​သည် ကျန်းမာ​၍ အသက်ရှင်​နိုင်ရန် အရှင်​သည် ကြွလာ​၍ သူ့​အပေါ် လက်တော်​ကို တင်တော်မူပါ” ဟု အနူးအညွှတ်​တောင်းပန်လေ၏။


“သခင်… အကျွန်ုပ်​၏​သား​ကို သနားတော်မူပါ။ သူ​သည် ဝက်ရူးပြန်ရောဂါ​စွဲကပ်​၍ ဝေဒနာ​ပြင်းထန်​စွာ ခံစားနေရပါ၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ကျတတ်ပါ၏။


ထို့နောက် လူတို့​သည် မျက်စိ​မမြင်၊ စကား​ဆွံ့အသော​နတ်ဆိုးပူးသူ​တစ်ဦး​ကို ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှု​က ထို​သူ​အား ကုသတော်မူ​သဖြင့် စကား​ပြန်ပြောနိုင်လာ​ပြီး မျက်စိ​လည်း ပြန်မြင်လေ၏။


ထို​သူတို့ ထွက်ခွာသွားကြ​ပြီးနောက် လူ​တချို့​သည် နတ်ဆိုးပူးသော ဆွံ့အသူ​တစ်ဦး​ကို ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။


ကိုယ်တော်​က “မည်သည့်​အကြောင်းအရာ​ကို ဆွေးနွေး​ပြောဆိုနေကြသနည်း” ဟု မေးတော်မူ၏။


ပူးဝင်သည့်​အခါတိုင်း နတ်​သည် သူ့​အား မြေ​ပေါ်သို့ အရှိန်​ဖြင့်​လှဲချတတ်ပါ၏။ ပါးစပ်​မှ အမြှုပ်များ​ထွက်​လျက် အံ​ကိုလည်း​ကြိတ်​၍ တောင့်မာ​လာတတ်ပါ၏။ အကျွန်ုပ်​သည် ဆရာတော်​၏ တပည့်တော်တို့​အား ထို​နတ်ဆိုး​ကို နှင်ထုတ်ပေးပါ​ရန် တောင်းပန်​သော်လည်း သူတို့​သည် မတတ်နိုင်ကြပါ” ဟု လျှောက်လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ