“သင်သည် ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေသနည်း။ ဤအခွင့်အာဏာကို သင့်အား မည်သူက ပေးသနည်း” ဟု မေးလျှောက်ကြ၏။
ရှင်မာကု 9:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုနှင့် တပည့်တော်သုံးပါးတို့သည် ကျန်တပည့်တော်များရှိရာသို့ ပြန်လာကြသောအခါ တပည့်တော်တို့ကို ဝန်းရံလျက်ရှိသော လူအုပ်ကြီးကိုလည်းကောင်း၊ တပည့်တော်တို့နှင့် ဆွေးနွေးပြောဆိုနေကြသောကျမ်းတတ်ဆရာတချို့တို့ကိုလည်းကောင်း တွေ့မြင်ကြ၏။ Common Language Bible ကိုယ်တော်နှင့်တပည့်တော်သုံးဦးတို့သည် အခြား တပည့်တော်များရှိရာသို့ရောက်လာကြသောအခါ လူပရိသတ်ကြီးကိုမြင်ကြ၏။ တပည့်တော်တို့ သည်ကျမ်းတတ်ဆရာများနှင့်အခြေအတင် ပြောဆိုနေကြ၏။- Garrad Bible တ ပည့် တော် တို့ ရှိ ရာ သို့ ရောက် သော် ဝန်း ရံ သော လူ ပ ရိတ် သတ် ကြီး နှင့် ဆွေး နွေး မေး မြန်း သော ကျမ်း တတ် ဆ ရာ တို့ ကို မြင် ကြ၏။ Judson Bible တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသော လူအစုအဝေးသည် သူတို့ကိုဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် အခြားတပည့်တော်တို့ရှိရာသို့ ပြန်လာကြရာ များစွာသောလူထုပရိသတ်သည် တပည့်တော်တို့ကိုဝိုင်းရံလျက်ရှိ၍ ကျမ်းပြုဆရာတို့သည် သူတို့နှင့်ငြင်းခုံပြောဆိုနေကြသည်ကိုတွေ့မြင်ကြ၏။ မြန်မာ တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသော လူအစုအဝေးသည် သူတို့ကိုဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။- |
“သင်သည် ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေသနည်း။ ဤအခွင့်အာဏာကို သင့်အား မည်သူက ပေးသနည်း” ဟု မေးလျှောက်ကြ၏။
ထိုသူတို့သည် ကိုယ်တော်ထံသို့ လာ၍ “ဆရာတော်… ဆရာတော်သည် ဖြောင့်မှန်သောသူဖြစ်ပြီး မျက်နှာမလိုက်တတ်ကြောင်း ကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်သည် လူ့မျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရားလမ်းအား မှန်ကန်စွာ သွန်သင်တတ်ပါ၏။ ဆီဇာဘုရင်ကို အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။
သင်တို့အား ငါပြောဆိုသည်မှာ ဧလိယသည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် ကျမ်းစာ၌ ဖော်ပြသည့်အတိုင်း သူ့အပေါ် ပြုလိုသမျှပြုကြသည်” ဟု မိန့်တော်မူ၏။
ပေါလုသည် သုံးလတိုင်တိုင် ဂျူးဝတ်ပြုဆောင်တွင် ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးဖလှယ်ကာ ယုံကြည်လာစေရန် ကြိုးစားအားထုတ်လျက်နေ၏။
အပြစ်သားများ၏ ဆန့်ကျင်ပုန်ကန်မှုကို ခံတော်မူသောကိုယ်တော်၏အကြောင်းကို ဆင်ခြင်လော့။ သို့ပြုလျှင် သင်တို့သည် စိတ်မပျက် အားမလျော့ဘဲ ရှိလိမ့်မည်။