ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
ရှင်မာကု 6:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိနပ်ကိုသာ စီး၍ အင်္ကျီအပိုကို ယူမသွားကြနှင့်” ဟု မှာကြားတော်မူ၏။ Common Language Bible ဖိနပ်ကိုစီးကြလော့။ သို့ရာတွင်အင်္ကျီနှစ်ထပ် မဝတ်နှင့်။- Judson Bible ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ် မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဖိနပ်ကိုသာစီး၍ အင်္ကျီကိုလည်း နှစ်ထပ်မဝတ်သွားကြရန် မိန့်မှာတော်မူ၏။ မြန်မာ ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ် မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။- |
ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
ဆက်လက်၍ ယေရှုက တပည့်တော်တို့အား “မြို့တစ်မြို့သို့ ဝင်လျှင် ထိုမြို့မှ မထွက်ခွာမီတိုင်အောင် အိမ်တစ်အိမ်၌သာ တည်းခိုကြလော့။
ကိုယ်တော်က “ခရီးအတွက် တောင်ဝှေးမှအပ မည်သည့်အရာကိုမျှ မယူကြနှင့်။ အစားအစာ၊ ခရီးဆောင်အိတ်မှစ၍ ခါးစည်း၌လည်း ငွေကို ထည့်မသွားကြနှင့်။
ကောင်းကင်တမန်က “သင်၏ခါးပတ်ကို ပတ်၍ ဖိနပ်ကိုလည်းစီးလော့” ဟု ဆိုလျှင် သူသည် ထိုအတိုင်းလုပ်ဆောင်လေ၏။ ထို့နောက် ပေတရုအား “သင့်ဝတ်ရုံကို ခြုံ၍ ငါ့နောက်သို့လိုက်လော့” ဟု ဆိုပြန်၏။
ငြိမ်းချမ်းခြင်းသတင်းကောင်းကို ဟောပြောရန် အသင့်ရှိခြင်း ဟူသော ဖိနပ်ကို စီးလျက် ရပ်တည်ကြလော့။