မြို့သားတို့မယုံကြည်သောကြောင့် ယေရှုသည်လည်း ထိုမြို့တွင် အံ့ဖွယ်တန်ခိုးများစွာ ပြတော်မမူပေ။
ရှင်မာကု 6:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့၏ မယုံကြည်နိုင်ခြင်းကြောင့် ဖျားနာသောသူအနည်းငယ်တို့အပေါ် လက်တော်တင်၍ ကျန်းမာစေခြင်းမှအပ ထိုဒေသ၌ အခြားအံ့ဖွယ်တန်ခိုးတို့ကို ပြတော်မမူနိုင်ပေ။ Common Language Bible ကိုယ်တော်သည်ထိုမြို့တွင်ဖျားနာသူအနည်းငယ် ကိုလက်တော်တင်၍ ကျန်းမာစေတော်မူသည်မှ အပ အဘယ်နိမိတ်လက္ခဏာကိုမျှပြတော် မမူနိုင်။- Garrad Bible ထို မြို့ တွင် သူ နာ အ နည်း ငယ် တို့ အ ပေါ်၌ လက် တင်၍ ကျန်း မာ စေ တော် မူ သည် မှ တစ် ပါး အ မှု ကြီး မည် သည် ကို မျှ ပြု တော် မ မူ နိုင်။ Judson Bible မကျန်းမမာသောသူအချို့တို့ အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတစ်ပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မကျန်းမာသောသူအနည်းငယ်တို့အပေါ် လက်တော်တင်လျက် ကျန်းမာစေခဲ့ခြင်းမှတစ်ပါး ထိုနေရာ၌ မည်သည့်တန်ခိုးလက္ခဏာကိုမျှမပြုနိုင်ခဲ့ပေ။ မြန်မာ မကျန်းမမာသောသူအချို့တို့ အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတစ်ပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။- |
မြို့သားတို့မယုံကြည်သောကြောင့် ယေရှုသည်လည်း ထိုမြို့တွင် အံ့ဖွယ်တန်ခိုးများစွာ ပြတော်မမူပေ။
“အကျွန်ုပ်၏ သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ကျန်းမာ၍ အသက်ရှင်နိုင်ရန် အရှင်သည် ကြွလာ၍ သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု အနူးအညွှတ်တောင်းပန်လေ၏။
ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
ပုဗလိ၏ဖခင်သည် ဖျားနာ၍ ဝမ်းကိုက်သဖြင့် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့သွား၍ ဆုတောင်းပေးပြီးမှ သူ့အပေါ်လက်ကိုတင်၍ ကျန်းမာစေ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သတင်းကောင်းကို ကြားရသောကြောင့်ဖြစ်၏။ သူတို့မှာမူ ကြားရသော်လည်း မယုံကြည်သောကြောင့် သူတို့အတွက် အကျိုးမရှိ။