ရှင်မာကု 6:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက လူထုပရိသတ်တို့ကို မြက်ခင်းပေါ်တွင် အုပ်စုဖွဲ့၍ ထိုင်စေရန် တပည့်တော်တို့ကို မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်စိမ်းလန်းသောမြက်ခင်းပေါ်တွင် လူအပေါင်းတို့ကိုအစုလိုက်ထိုင်ကြစေရန် တပည့်တော်တို့အားစေခိုင်းတော်မူ၏။- Garrad Bible ထို အ ခါ ထို သူ အား လုံး ကို မြက် စိမ်း ပေါ် တွင် အ စု စု ထိုင် ကြ စေ ရန် အ မိန့် တော် ရှိ၍၊ Judson Bible ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို စိမ်းလန်းသောမြက်ခင်းပေါ်၌ အစုလိုက်ထိုင်စေရန် တပည့်တော်တို့အား အမိန့်ပေးတော်မူ၏။ မြန်မာ ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။- |
ယေရှုက “သင်တို့တွင် မုန့်မည်မျှရှိသနည်း။ သွား၍ ကြည့်ကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း တွေ့သောအခါ “မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်” ဟု လျှောက်ကြ၏။
လူတို့သည်လည်း တစ်စုလျှင် တစ်ရာတစ်စု၊ ငါးဆယ်တစ်စုဖြင့် အသီးသီး အုပ်စုဖွဲ့၍ ထိုင်ကြ၏။
ထိုသို့ လျှောက်ရခြင်းမှာ ပရိသတ်ငါးထောင်ခန့် ရှိသောကြောင့်ဖြစ်၏။ ယေရှုက တပည့်တော်တို့အား “သူတို့ကို တစ်ဖွဲ့လျှင် ငါးဆယ်စီ အုပ်စုဖွဲ့၍ ထိုင်စေလော့” ဟု မိန့်တော်မူ၏။
ယေရှုက “လူတို့ကို ထိုင်စေလော့” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထိုအရပ်တွင် မြက်ခင်းပြင်ကြီးရှိ၏။ အရေအတွက်အားဖြင့် ငါးထောင်ခန့်ရှိသော လူတို့သည် ထိုမြက်ခင်းပေါ် ထိုင်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောက်ယက်ခတ်စေတတ်သောဘုရားမဟုတ်ဘဲ ယုံကြည်သူတို့၏ အသင်းတော်များ၌ ပြုသကဲ့သို့ ငြိမ်းချမ်းခြင်းကို ဖြစ်စေသောဘုရား ဖြစ်တော်မူသောကြောင့်ပင်။